Connect with us

Africa & Middle East

ဆီးရီးယားအပစ်အခတ်ရပ်စဲရေးကျိုးပေါက်သွားပြီးနောက် အလက်ပိုမြို့အား ပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့၌ စက်တင်ဘာလ ၁ဝ ရက်က လေကြောင်းတိုက်ခိုက်မှုအပြီးတွေ့ရစဉ်(ဆင်ဟွာ)

ဒတ်မက်စ်ကတ်စ် ၊ စက်တင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုသည် စက်တင်ဘာလ ၁၉ ရက်ညပိုင်းအထိ သဘောတူညီထားသော်လည်း စက်တင်ဘာလ ၁၈ ရက်တွင် နိုင်ငံမြောက်ပိုင်းရှိ အလက်ပိုမြို့အနီးအနားတစ်ဝိုက်နေရာအတော်များများအား လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် အပစ်အခတ်ရပ်စဲရေးမှာ ကျိုးပေါက်သွားပြီ ဖြစ်ကြောင်း သိရသည်။

ဆီးရီးယားသူပုန်များထိန်းချုပ်ထားရာ Sakhour Karm al-Jabal နှင့် Karm al-Baikဒေသများအား လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံးအမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း ဆီးရီးယားလူ့အခွင့်အရေးလေ့လာစောင့်ကြည့်သူများက ဆိုသည်။
အမေရိကန် နှင့် ရုရှားနိုင်ငံတို့ကြားဝင်စေ့စပ်မှုဖြင့် ဆီးရီးယားနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ပြီးနောက်ပိုင်း အလက်ပိုမြို့အားပထမဆုံးအကြိမ်အဖြစ် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလ ၁၈ ရက် နံနက်အစောပိုင်းက အလက်ပိုမြို့အရှေ့ပိုင်းရှိ သူပုန်များထိန်းချုပ်ထားရာနေမြေအတွင်းမှ အရပ်သား အရေအတွက် ဆယ်ဂဏန်းမျှကို ဘေးကင်းရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက ဖော်ပြခဲ့သည်။ထို့ပြင် အရပ်သားများ နှင့် ဆီးရီးယားလက်နက်ကိုင်အဖွဲ့များအား သူပုန်များထိန်းချုပ်ထားရာ အလက်ပိုမြို့မှ စွန့်ခွာသွားကြရန် ဆီးရီးယားအစိုးရက တိုက်တွန်းထားခဲ့သည်။
အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့သည် ဆီးရီးယားနိုင်ငံအား ၂ဝ၁၄ ခုနှစ် နှောင်းပိုင်းကတည်းက လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဆီးရီးယားနိုင်ငံအရှေ့ပိုင်းရှိ Deir al-Zour ပြည်နယ်၌ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ၏ ပထမဆုံးအကြိမ်လေကြောင်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၁၇ ရက်က ဆီးရီးယားတပ်ဖွဲ့ဝင် ၉ဝ ဦးကျော် သေဆုံးသွားပြီးနောက်တွင် အမေရိကန်အစိုးရ နှင့် ရုရှားအစိုးရတို့အကြား ကြိုးပမ်းလုပ်ဆောင်နေသည့် ဆီးရီးယားအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုမှာ မရေရာမှုများဖြင့် ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.