Connect with us

Africa & Middle East

ဆီးရီးယားအရေး တူရကီ၊ ရုရှား ၊ အီရန် သုံးနိုင်ငံ တွေ့ဆုံဆွေးနွေး


အန်ကာရာ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ)

တူရကီ၊ရုရှား၊အီရန် သုံးနိုင်ငံ ခေါင်းဆောင်များသည် စက်တင်ဘာ ၁၆ ရက်က တူရကီနိုင်ငံ အန်ကာရာမြို့တွင် တွေ့ဆုံဆွေးနွေးမှုတစ်ရပ်ပြုလုပ်ပြီး ဆီးရီးယားနိုင်ငံ လုံခြုံရေးပြဿနာကို အဓိကထားဆွေးနွေးခဲ့ကြရာ ဆီးရီယားနိုင်ငံအနောက်မြောက်ပိုင်း အိုင်ဒလစ်ပ်ဒေသတွင် ရေရှည် အပစ်အခတ်ရပ်စဲမှုကို အကောင်အထည်ဖော်သင့်ကြောင်း အလေးနက်ထားပြောခဲ့ကြသည်ဟု သိရသည်။

အဆိုပါဆွေးနွေးမှုသည် Astanaဆွေးနွေးမှုမူဘောင်၏ ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး တူရကီနိုင်ငံ သမ္မတ ရီဆပ်တေရစ်အာဒိုဂန် (Recep Tayyip Erdogan)၊ ရုရှားနိုင်ငံ သမ္မတ ပူတင်၊ အီရန်နိုင်ငံ သမ္မတ ဟက်ဆန်ရိုဟာနီပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆီးရီးယားနိုင်ငံ အိုင်ဒလစ်ပ်ဒေသ တင်းမာမှုအခြေအနေ မြင့်တက်နေခြင်းသည် ယခုဆွေးနွေးပွဲ၏ အဓိက အကြောင်းအရာဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ယခုနှစ် ဧပြီလမှစ၍ ၎င်းဒေသတွင် မြေပြင်နှင့် ဝေဟင် စစ်ရေးလှုပ်ရှားမှုများကြောင့် အရပ်သား ၁,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

တူရကီ – ရုရှား – အီရန် သုံးနိုင်ငံ ခေါင်းဆောင်များ တူရကီနိုင်ငံ အန်ကာရာမြို့၌ စက်တင်ဘာ ၁၆ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

အစွန်းရောက် ISများကို ချေမှုန်းသည်ဟုဆိုကာ အကြမ်းဖက်သမားကို ထောက်ခံပေးနေခြင်းသည် လက်ခံနိုင်စရာမရှိကြောင်း ၊ ဆီးရီးယား ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရန် တူရကီ၊ ရုရှား ၊ အီရန် သုံးနိုင်ငံက ပိုမို တာဝန်ထမ်းသင့်ကြောင်း အာဒိုဂန်က ပြောကြားခဲ့သည်။

အိုင်ဒလစ်ပ်ဒေသတွင် စစ်ဖြစ်ပွားမှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြီး ထပ်မံဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်မှုများပြုလုပ်ရမည်ဖြစ်သလို ၎င်းဒေသနှင့် ဆက်စပ်နေသော တူရကီသို့ ဒုက္ခသည်များအလုံးအရင်းနှင့်ဝင်ရောက်မှုများမရှိစေရန် ထပ်ဆောင်းနည်းလမ်းသုံး ဆောင်ရွက်သွားကြရန် သုံးနိုင်ငံခေါင်းဆောင်များက သဘောတူကြကြောင်း ဆိုသည်။ ဆီးရီးယားနယ်မြေပိုင်နက်ကို ထိန်းသိမ်းရန်မှာအလွန်အရေးကြီးကြောင်း ၊ PKKလက်နက်ကိုင်များ ဆီးရီးယားလုံခြုံရေးနှင့်တည်ငြိမ်ရေး၏ အကြီးဆုံးအန္တရာယ်ဖြစ်ကြောင်း သုံးနိုင်ငံစလုံးက ယူဆကြကြောင်း ဆိုသည်။

ဆီးရီးယား အရေး ဖြေရှင်းရန် ရေရှည်စနစ်တစ်ခုအနေဖြင့် အခြေခံဥပဒေကောင်စီ ဖွဲ့စည်းရန် တွန်းအားပေးဆောင်ရွက်လိုကြောင်း ဆိုသည်။

ရုရှား၊ တူရကီနှင့် အီရန် သုံးနိုင်ငံက ၂၀၁၇ ခုနှစ်တွင် Astanaဆွေးနွေးမှုကိုစတင်ခဲ့၍ နိုင်ငံရေးနည်းလမ်းဖြင့် ဆီးရီယားအရေးကို ဖြေရှင်းရန် တွန်းအားပေးဆောင်ရွက်ခဲ့သည်။ အဆိုပါဆွေးနွေးမှု မူဘောင်အောက်တွင် သက်ဆိုင်ရာဘက်ပေါင်းစုံဖြင့် နိုင်ငံတကာဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၁၈ခုနှစ် ဇန်နဝါရီက ရုရှားနိုင်ငံ ဆိုချီမြို့ ၌ ကျင်းပသည့် ဆီးရီးယားအမျိုးသားညီလာခံ ဆွေးနွေးပွဲတွင် ဆီးရီးယား အခြေခံဥပဒေကောင်စီဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.