Connect with us

Africa & Middle East

လက်ဘနွန် နိုင်ငံ ရှိ ဒုက္ခသည် စခန်း တစ်ခု တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ပြီး သေဆုံး ၊ ဒဏ်ရာရရှိမှု များရှိ

လက်ဘနွန် နိုင်ငံ ရှိ ဒုက္ခသည် စခန်း မီးလောင်မှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘေရွတ် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

လက်ဘနွန် နိုင်ငံ အရှေ့ပိုင်း ရှိ ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည် များ နေထိုင်ရာ ဒုက္ခသည်စခန်းသည် ဇူလိုင်လ ၂ ရက်နေ့တွင် ရုတ်တရက် မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်တွင် သေဆုံး ၊ ဒဏ်ရာရရှိမှုများရှိကြောင်း သိရှိရသည်။

လက်ဘနွန် နိုင်ငံ ကျန်းမာရေး ဌာန မှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦး က ဆင်ဟွာသတင်းဌာန ကို ဆက်သွယ်ပြောကြားခဲ့ရာတွင် ကနဦး စစ်ဆေးမှု အရ မီးလောင်ကျွမ်းမှု ကြောင့် ကလေးငယ် ၂ ဦး သေဆုံး ခဲ့ပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။

လက်ဘနွန် လုံခြုံရေး ဌာန မှ တာဝန်ရှိသူ တစ်ဦး က မီးလောင်ကျွမ်းမှု သည် ဒုက္ခသည် စခန်းရှိ ဂက်စ်ယိုစိမ့်မှု ကြောင့် စတင်ခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည် စခန်းတွင်လည်း ဂက်စ်အိုးများ နှင့် လောင်စာများ တည်ရှိသောကြောင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၊ ဒုက္ခသည် စခန်းတစ်ခုလုံး မီးလောင်ပြာကျ သွားခဲ့ပြီး အနီးရှိ လယ်ကွင်းများသို့ မီးများ ကူးဆက်သွား ခဲ့ကြောင်း ၊ မီးလောင်မှု စတင်ဖြစ်ပွားပြီးနောက်တွင် ဒေသတွင်း မီးတပ်တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့မှ မီးငြိမ်းသတ်မှု ကို ချက်ချင်း ဆောင်ရွက်ခဲ့သော်လည်း လက်ရှိချိန်ထိ မီးအား ထိန်းချုပ် နိုင်ခြင်း မရှိသေးကြောင်း ပြောကြား ခဲ့သည်။

ယင်းတာဝန်ရှိသူ မှ ဆင်ဟွာသတင်းဌာန ကို ပြောကြားခဲ့ရာတွင် ဒုက္ခသည် စခန်းတွင် ယာယီတဲပေါင်း ၁၅၀ ခန့်ရှိပြီး ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည် ပေါင်း ၁၀၀၀ ဦး ခန့် နေထိုင်နေကြောင်း ပြောကြား ခဲ့သည်။ကုလသမဂ္ဂ ဒုက္ခသည် ဌာန ၏ စာရင်းပြုစုချက်အရ ၂၀၁၁ ခုနှစ် ဆီးရီးယား ပြည်တွင်းစစ် စတင်ချိန် မှစ၍ လက်ဘနွန် နိုင်ငံ သည် ဆီးရီးယား ဒုက္ခသည် ပေါင်း ၁.၁ သန်းခန့်ကို လက်ခံခဲ့ကြောင်း ၊ လက်ဘနွန် အစိုးရ ၏ စာရင်းပြုစုချက်အရ ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည် ပေါင်း ၁.၅ သန်းခန့်သည် လက်ဘနွန်း နိုင်ငံ သို့ ဝင်ရောက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)