Connect with us

Africa & Middle East

အစ္စရေး နိုင်ငံ နှင့် အမေရိကန် နိုင်ငံ တို့က အကြီးစား ဒုံးကျည် ကာကွယ်ရေး စစ်ရေး ပူးပေါင်း လေ့ကျင့်မှု ပြုလုပ်မည်

အမေရိကန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ "Patriot" ဒုံးကျည် ကာကွယ်ရေး စနစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန က အစ္စရေး နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ နှင့် အတူတကွ မတ်လပိုင်းတွင် အတိုင်းအတာ ကြီးမားသည့် ဒုံးကျည် ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ကြေညာချက်တွင် ” Juniper Cobra 2018 ” ဟု အမည် သက်မှတ် ထားသည့် စစ်ရေး ပူးပေါင်း လေ့ကျင့်မှု ကို မတ်လ ၄ ရက်နေ့ မှ ၁၅ ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး အမေရိကန် နိုင်ငံ ဥရောပတိုက် စစ်ရေးဦးစီး ဌာနချုပ် မှ တပ်ဖွဲ့ဝင် ၂,၅၀၀ နှင့် အစ္စရေး နိုင်ငံ ကာကွယ်ရေး တပ်ဖွဲ့ မှ လေကြောင်းကာကွယ်ရေးတပ် ၊ ထောက်ပံ့ရေးတပ် နှင့် ဆေးတပ်ဖွဲ့ စသည် တို့မှ တပ်ဖွဲ့ဝင် ပေါင်း ၂,၀၀၀ ပါဝင် လေ့ကျင့်မည် ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ထုတ်ပြန်ချက် တွင် ယခု အကြိမ် စစ်ရေး လေ့ကျင့်မှု ၌ အမေရိကန် တပ်ဖွဲ့အနေဖြင့် အစ္စရေး နိုင်ငံ လေကြောင်း ကာကွယ်ရေး တပ်ဖွဲ့ အား စစ်ရေးနေရာချထားမှု ပြုလုပ်ရာတွင် ကူညီပေးသွားမည် ဖြစ်ပြီး နှစ်နိုင်ငံ အနေဖြင့် ဒေသ အသီးသီး မှ တိုက်ခိုက်လာနိုင်သည့် ဒုံးကျည် အမျိုးမျိုး ကို ကာကွယ်နိုင်ရန် အတွက် လေ့ကျင့် သွားမည် ဖြစ်ကြောင်း ၊ စစ်ရေးလေ့ကျင့်မှု အတွင်း “Arrow” ၊ “Iron Dome” ၊ “Patriot” နှင့် “David’s Sling” စသည့် ဒုံးကျည် ကာကွယ်ရေး စနစ် များကို အသုံးပြု၍ လေ့ကျင့်သွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

လတ်တလော နှစ်ပိုင်း တွင် အစ္စရေး နိုင်ငံ အနေဖြင့် ဒုံးကျည် ကာကွယ်ရေး စက်ဝန်းများ အဆင့်ဆင့် တည်ထောင် လာခဲ့ပြီး ဒုံးကျည် ကာကွယ်ရေး စက်ဝန်းများတွင်လည်း တာဝေး ၊ တာလတ် နှင့် တာတို ပစ်ဒုံးကျည် အမျိုးမျိုး ကို ကာကွယ်နိုင်ရန် အတွက် ကာကွယ်ရေး စနစ်များ ဆောင်ရွက်ထား ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.