Connect with us

Africa & Middle East

ဇင်ဘာဘွေ နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ ၏ လွှတ်တော် အဆောက်အဦသစ် ကူညီ တည်ဆောက် ပေးမှု အပေါ် ကျေးဇူးတင်ကြောင်း ပြောကြား

တရုတ် နိုင်ငံ မှ ကူညီတည်ဆောက်ပေးနေသည့် ဇင်ဘာဘွေ လွှတ်တော် အဆောက်အဦသစ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဟာရာရီ ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေ နိုင်ငံ သမ္မတ အမ္မာဆန် အန်နန်ဂါဝါ (Emmerson Mnangagwa) က ဇွန်လ ၁၃ ရက် ၌ တရုတ် နိုင်ငံ အစိုးရ မှ ကူညီတည်ဆောက်ပေးနေသည့် ဇင်ဘာဘွေ နိုင်ငံ လွှတ်တော် အဆောက်အဦသစ် လုပ်ငန်းခွင် သို့ သွားရောက် လေ့လာခဲ့ရာ လုပ်ငန်း တိုးတက်မှု နှင့် ပတ်သက်၍ ကျေနပ်ကြောင်း နှင့် တရုတ် နိုင်ငံ အစိုးရ အား ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

အန်နန်ဂါဝါ က လွှတ်တော် အဆက်အဦသစ် က တရုတ် နိုင်ငံ မှ ဇင်ဘာဘွေ နိုင်ငံ အား လှူဒါန်းပေးသည့် တန်ဖိုးကြီးမားသော လက်ဆောင် ဖြစ်ပြီး နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး သက်ဝင်လှုပ်ရှားနေမှု ၏ လက္ခဏာလည်း ဖြစ်ကြောင်း ၊ ဇင်ဘာဘွေ နိုင်ငံ အစိုးရ နှင့် မိမိ က တရုတ် နိုင်ငံ အစိုးရ ၏ ယင်း စီမံကိန်း အပေါ် ထောက်ခံပေးသည့် အတွက် နက်ရှိုင်းစွာ ကျေးဇူးတင်လိုကြောင်း ပြောကြား ခဲ့သည်။

ဇင်ဘာဘွေ နိုင်ငံ လွှတ်တော် အဆောက်အဦသစ် စီမံကိန်း က မြေဧရိယာ အားဖြင့် ၃၃,၀၀၀ စတုရန်း မီတာ ကျယ်ဝန်းပြီး စီမံကိန်း ကြာမြင့်ချိန် မှာ ၃၂ လ ဖြစ်ကြောင်း ၊ စီမံကိန်း အား ၂၀၁၈ ခုနှစ် နိုဝင်ဘာလ တွင် စတင်ခဲ့ပြီး လုပ်ငန်း အဆင်ပြေ ချောမွေစွာ ဆောင်ရွက်နေသောကြောင့် သတ်မှတ်ချိန်ထက် စော၍ ပြီးစီး နိုင်ကြောင်း သိရှိရသည်။(Xinhua)