Connect with us

Africa & Middle East

အစ္စရေးက ဂါဇာဒေသရှိ စစ်သွေးကြွအုပ်စုများ ဒုံးကျည်ဖြင့် ပစ်ခတ်မှုကို လက်တုံ့ပြန် တိုက်ခိုက်

ဂါဇာ ဒေသတွင် မေလ အတွင်းက အစ္စရေး တို့ ၏ လေကြောင်း တိုက်ခိုက်မှု တစ်ခုအား တွေ့ ရစဉ် (ဆင်ဟွာ)

ဂါဇာ ၊ ဇွန် ၁၄ ရက်(ဆင်ဟွာ)

အစ္စရေး နိုင်ငံ တောင်ပိုင်းသို့ဟားမတ်စ် အုပ်ချုပ်နေသည့် ဂါဇာ ကမ်းမြောင် ဒေသမှ ဒုံးကျည်ဖြင့် ပစ်ခတ်မှုအား လက်တုံ့ပြန်သည့် အနေဖြင့် အစ္စရေး စစ်ဂျက်လေယာဉ်များက ဂါဇာ ဒေသရှိ စစ်သွေးကြွများ၏ အဆောက် အအုံများအား ဇွန် ၁၄ ရက် အစောပိုင်းက တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ နှင့် လုံခြုံရေး အရင်းအမြစ်များထံမှ သိရသည်။

အစ္စရေး စစ်ဂျက်လေယာဉ်များက ဟားမတ်စ် အုပ်စု၏ လက်နက်ကိုင် တပ်ဖွဲ့နေရာများ အပါအဝင် စစ်သွေးကြွ အုပ်စုများ ပိုင်ဆိုင်သည့် လေ့ကျင့်ရေး သင်တန်းကျောင်းများအား ဝေဟင်မှ မြေပြင်ပစ် ဒုံးပျံများဖြင့် ပစ်ခတ် ခဲ့ကြောင်း အဆိုပါ အရင်းအမြစ်များက ပြောကြားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေရာသို့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များသည် အလျင်အမြန် သွားရောက်ခဲ့ကြောင်း ၊ ယင်းပစ်မှတ်ထားသည့် နေရာများတွင် ပစ်ခတ်မှုများ မြင်တွေ့ရကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားခဲ့ပြီး အစီရင်ခံချက်များ အရ ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။

ဂါဇာကမ်းမြှောင် ဒေသရှိ ဟားမတ်စ် စစ်သွေးကြွများ တည်ရှိရာ နေရာများသို့အစ္စရေး လေတပ်ဖွဲ့မှ ဂျက်လေယာဉ်များက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အစ္စရေး စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူကလည်း ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဂါဇာ ဒေသရှိ စစ်သွေးကြွများ၏ လေ့ကျင့်ရေး နေရာများအပေါ် လေကြောင်း တိုက်ခိုက်မှုမှာ ဂါဇာ ကမ်းမြှောင် ဒေသမှ အစ္စရေး နိုင်ငံ တောင်ပိုင်း ထဲသို့ဇွန် ၁၃ ရက် ညပိုင်းတွင် ဒုံးကျည်များဖြင့် ပစ်ခတ်မှုများအား လက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ၊ ဒုံးကျည်များဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ် တစ်လုံးမှာ ပြင်းထန်သော ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်မှုအား မည်သည့် အဖွဲ့က ပြုလုပ်ကြောင်း ပြောကြားထားခြင်း မရှိကြောင်း သိရသည်။(Xinhua)