Connect with us

Africa & Middle East

တန်ဇန်းနီးယား ဖယ်ရီလှေမှောက်မှု သေဆုံးသူ ၁၃၁ဦး အထိ မြင့်တက်လာ

တန်ဇန်းနီးယား ဖယ်ရီလှေမှောက်မှု သေဆုံးသူတစ်ဦးအား ဆယ်ယူလာစဉ် (ဆင်ဟွာ)

တန်ဇန်းနီးယား၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ သမ္မတ John Magufuli က ဗစ်တိုးရီးယားရေကန်တွင် ဖယ်ရီလှေတိမ်းမှောက်မှုကြောင့် သေဆုံးသူဦးရေး ၁၃၁ဦးအထိ မြင့်တက်လာ၍ သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲမှုအထိမ်းအမှတ်အဖြစ် ရက် ၄ရက် သတ်မှတ်လိုက်ကြောင်း စက်တင်ဘာ ၂၁ ရက် ကပြောကြားခဲ့သည်။

အစိုးရအဖွဲ့ အကြီးတန်းပြောရေးဆိုခွင့်ရှိသူ Hassan Abbas ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင် ရုပ်သံလိုင်း Tanzania Broadcasting Corporation (TBC) က သေဆုံးသူဦးရေသည် ၁၃၁ဦး တွင် ရပ်တန့်နေကြောင်း ဖော်ပြခဲ့သည်။

သတင်းရင်းမြစ်များအရ ခရီးသည် ၁၀၁ဦး နှင့် ကုန်ချိန် ၂၅တန် တင်ဆောင်နိုင်သော ဖယ်ရီလှေသည် စက်တင်ဘာ ၂၀ ရက် ဒေသစံတော်ချိန် နေ့လည် ၁နာရီတွင် တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ကနဦး စုံစမ်းစစ်ဆေးချက်များအရ နိုင်ငံပိုင် ဖယ်ရီလှေသည် ဝန်ပိုတင်ဆောင်ခြင်း နှင့် ဖယ်ရီလှေ၏ ရေယာဉ်မှူး က တာဝန်ပေးအပ်ထားခြင်းမဟုတ်သူ က မောင်းနှင်ခြင်းကြောင့် လှေတိမ်းမှောက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဒေသ၌ပင် ၁၉၉၆ခုနှစ်က ဗစ်တိုးရီးယားရေကန်အတွင်း ဖယ်ရီလှေတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၅၀၀ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.