Connect with us

Africa & Middle East

တရုတ်နိုင်ငံနှင့် ယူအေအီးတို့ ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်မည်

အဘူဒါဘီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) တို့သည် နှစ်နိုင်ငံ ဆက်ဆံရေးများအား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး မြှင့်တင်သည့်အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အောက်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ပူးပေါင်းမှု မြှင့်တင်ရန် ဇူလိုင်လ ၂၀ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချစ်ကြည်ရေးခရီးလာရောက်စဉ်အတွင်း ဆက်ဆံရေးအဆင့်မြှင့်တင်ကြောင်း ကြေညာချက်တွင် နှစ်နိုင်ငံအနေဖြင့် ဘုံအကျိုးစီးပွားများ ရရှိရေး ရေရှည်တည်တံ့သော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်ဆက်ဆံရေး တည်ထောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုကောင်းမွန် ချောမွေ့စေရန်၊ ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော် ဆောင်ရွက်မှု မူဘောင်အောက်တွင် နှစ်နိုင်ငံ ပူးတွဲ စီမံကိန်းများအဖြစ် လွတ်လပ်သော ကုန်သွယ်မှုဇုန် တည်ဆောက်ခြင်းနှင့် နှစ်နိုင်ငံ စွမ်းရည် ပူးပေါင်းဆောင်ရွက်မှုသရုပ်ပြဇုန်အဖြစ် ဖော်ဆောင်ရန် နှစ်နိုင်ငံ ကတိပြုခဲ့ကြသည်။

အပြန်အလှန်နားလည်မှု တိုးမြှင့်ရန်နှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ခိုင်မာရန်၊ ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်ဆောင်ရွက်မှု ပူးတွဲတည်ဆောက်ရေး ရည်ရွယ်ကာ ကွန်ဖရင့်များနှင့် စာတမ်းဖတ်ပွဲများ နှစ်နိုင်ငံ ပူးတွဲပြုလုပ်ရန် သဘောတူညီချက်တွင် ဖော်ပြထားသည်။ (Xinhua)