Connect with us

Africa & Middle East

မက်ဒါဂတ်စကာ အရှေ့ပိုင်းတွင် လောင်ကျွမ်းခဲ့သည့် တောမီးကြောင့် လူပေါင်း ၅၀၀ နေအိမ်များဆုံးရှုံး

မက်ဒါဂတ်စကာ တွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်တာနာနာရီဗို၊ ဇန်နဝါရီ ၄ရက် (ဆင်ဟွာ)

မက်ဒါဂတ်စကာနိုင်ငံ အရှေ့ပိုင်း မာနာကာရာမြို့တွင် တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၅၀၀ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၃ရက်တွင်ပြောကြားခဲ့သည်။

တောမီးသည် သစ်ခွ နှင့် လေးညှင်းပင်များရှိရာတောအုပ်၏ ၁၃ကီလိုမီတာခန့်အပါအဝင် ဒေသခံများ၏ နေအိမ်များကို ဝါးမြိုဖျက်ဆီးခဲ့ကြောင်း မာနာကာရာပါလီမန်အမတ် Benja Urbain Andriantsizehena က ဆင်ဟွာသို့ပြောကြားခဲ့သည်။

Andriantsizehena က သစ်ခွ နှင့် လေးညှင်းပင်များရှိရာတောအုပ်၌ လောင်ကျွမ်းခဲ့သည့် တောမီးအား ငြှိမ်းသတ်ရန် တစ်ပတ်နီးပါးကြာမြင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက တောမီးကြောင့် မက်ဒါဂတ်စကာငွေကြေး အရီယာရီ ဘီလီယံ နှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြောခဲ့ကာ မီးဘေးသင့်ခဲ့သူများအား အကူအညီပေးရန် အစိုးရအားတောင်းဆိုခဲ့သည်။

မက်ဒါဂတ်စကာနိုင်ငံရှိ လယ်သမားများသည် မိုးရာသီရောက်လျှင် ကျွဲနွား အစာဖြစ်သည့် မြက်ပင်များ ပေါက်နိုင်ရန် ချုံပုတ်များအား မီးရှို့ရှင်းလင်းလေ့ရှိပြီး တစ်ခါတစ်ရံ ထိုသို့မီးရှို့မှုကြောင့် မလိုလားအပ်သည့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်လာကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.