Connect with us

Africa & Middle East

နမီးဘီးယား နိုင်ငံ တွင် ယာဉ် နှစ်စင်း ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၀ ဦး သေဆုံး

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် နမီးဘီးယား နိုင်ငံ Okahandja မြို့ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-google maps)

ဝင်းဒိုခ့် ၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

နမီးဘီးယား နိုင်ငံ အလယ်ပိုင်းတွင် ဒီဇင်ဘာ ၃ ရက် နေ့ ညပိုင်း အချိန်တွင် ယာဉ် နှစ်စင်း ခေါင်းချင်း ဆိုင်တိုက်မှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၀ ဦး သေဆုံး ခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နမီးဘီးယား နိုင်ငံ ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ကြေညာ ချက်အရ သိရှိခဲ့ရသည်။

နမီးဘီးယား နိုင်ငံ Otjozondjupa ဒေသ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ယာဉ် တိုက်မှု သည် Okahandja မြို့ပြင် ၂၀ ကီလိုမီတာ အကွာအဝေးရှိ အဝေးပြေး လမ်းတွင် ဖြစ်ပွား ခဲ့ကြောင်း ၊ ယာဉ်တစ်စင်း မှ ကားကျော်တက် ရန် မောင်းနှင်နေစဉ် မျက်နှာချင်းဆိုင် ရှိ ကားတစ်စင်း နှင့် တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း ၊ ယာဉ် တိုက်မှု ဖြစ်ပွား ပြီးနောက်တွင် ကားနှစ်စင်းလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့ပြီး ဒဏ်ရာရရှိသူ များကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နမီးဘီးယား နိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ယာဉ် နှစ်စင်း ခေါင်းချင်းဆိုင်တိုက်မှု နှင့် ပတ်သက်၍ ဆက်လက်၍ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.