Connect with us

Africa & Middle East

အီရတ်အရေးနှင့် ပတ်သက်၍ ထရမ့် နှင့် ပြင်သစ်သမ္မတ တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်(ယာ) နှင့် ပြင်သစ်နိုင်ငံသမ္မတ အီမျူရယ်မက်ခရွန်း (ဝဲ) တို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် ပြင်သစ်နိုင်ငံသမ္မတ အီမျူရယ်မက်ခရွန်းတို့သည် ဒီဇင်ဘာ ၅ ရက် က ဖုန်းဖြင့် ဆက်သွယ်ခဲ့ကြပြီး အီရတ်အစိုးရ နှင့် ကာ့ဒ်ဒေသတွင်းအစိုးရအကြား ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပြောဆိုခဲ့ကြကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ဆွေးနွေးပွဲများမှတစ်ဆင့် မတူညီကွဲပြားမှုများကို ဖြေရှင်းရန် ကြိုးစားနေသည့် အီရတ်အစိုးရ နှင့် ကာ့ဒ်ဒေသတွင်းအစိုးရ တို့အတွက် လိုအပ်ချက်များကို နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ထရမ့် နှင့် မက်ခရွန်းတို့သည် အရှေ့အလယ်ပိုင်း၌ ငြိမ်းချမ်းရေးလမ်းစဉ်အတွက် ဆွေးနွေးခဲ့ကြပြီး ဒေသတွင်း တည်ငြိမ်မှုအတွက် ၎င်းတို့၏ ရပ်တည်ချက်များကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရသည်။

ပြင်သစ်သမ္မတက ခိုင်မာပြီးပေါင်းစည်းမှုရှိသည့်အီရတ်နိုင်ငံ ဖြစ်ပေါ်လာစေရန် နှင့် ကာ့ဒ်ဒေသအတွင်း လူမျိုးစုများအား လေးစားသမှုရှိရန် အီရတ်နိုင်ငံတွင် အပြုသဘောဆောင်သည့် အမျိုးသားဆွေးနွေးပွဲတစ်ခု လုပ်ဆောင်ရန် တိုက်တွန်းခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ယင်းသို့ဖုန်းဆက်သွယ်မှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.