Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များက သေနတ်သမား ၁၄ဦးကို သုတ်သင်ရှင်းလင်း

နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

အဘူဂျာ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း တွင် လွန်ခဲ့သော လအနည်းငယ်အတွင်း ပြန်ပေးဆွဲမှုများ နှင့် ဓါးပြတိုက်မှုများ မြင့်တက်လာခဲ့သည့် Kaduna ပြည်နယ် တွင် နိုင်ဂျီးရီးယားတပ်ဖွဲ့ဝင်များက သေနတ်သမား ၁၄ဦးကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း ကာကွယ်ရေးဌာနချုပ်က နိုဝင်ဘာ ၁၉ ရက်တွင်ပြောကြားခဲ့သည်။

ကာကွယ်ရေးအာဏာပိုင်များက အောက်တိုဘာလ မှ စတင်ဆောင်ရွက်ခဲ့သော စစ်ဆင်ရေးများအတွင်း သေနတ်သမားများကို ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်နယ် မြို့တော် Kaduna မြို့ ရှိ သတင်းထောက်များအားပြောကြားခဲ့သည်။

ကာကွယ်ရေးဆိုင်ရာပြောရေးဆိုခွင့်ရှိသူ John Agim က ဓါးပြများ၊ ပြန်ပေးသမားများ နှင့် ကျွဲနွားခိုးသူများထံမှ လက်နက်ခဲယမ်းများ နှင့် မြောက်မြားစွာသော ကျွဲနွားများကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

Agim က စစ်ဆင်ရေးများအတွင်း Kaduna-Abuja အဝေးပြေးလမ်းမတစ်လျှောက် ရှိ ပြန်ပေးသမားများထံမှ ကလေးငယ် ၁၈ဦး နှင့် အရွယ်ရောက်ပြီးသူ ၁၃ဦး အပါအဝင်စုစုပေါင်း လူ ၃၁ဦးကို ပြန်လည်ကယ်ဆယ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ဓါးပြ ၅ဦး နှင့် သတင်းပေး ၂ဦးကို ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ၎င်းတို့ကို လုံခြုံရေးဋ္ဌာနများ၌ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.