Connect with us

Africa & Middle East

တူရကီနိုင်ငံတွင် ပျက်ကျခဲ့သည့် လေယာဉ်အပျက်အစီးများကြားမှ လူသေအလောင်း နှစ်ခု တွေ့ရှိ

တူရကီနိုင်ငံ အနောက်တောင်ပိုင်းတွင် ပျက်ကျခဲ့သည့် လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်တောင်ပိုင်းတွင် ပျက်ကျခဲ့သည့် လေ့ကျင့်ရေးလေယာဉ်တစ်စင်း၏ အပျက်အစီးများအကြား သေဆုံးသွားသည့် လူနှစ်ဦး၏ ရုပ်အလောင်းများအား တူရကီ ကယ်ဆယ်ရေးအဖွဲ့များက တွေ့ရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။

အဆိုပါ လေယာဉ်သည် နိုဝင်ဘာလ ၁၉ ရက်က Aydin ပြည်နယ်ရှိ လေဆိပ်တစ်ခုမှ ပျံတက်ခဲ့ပြီးနောက် Deninli ပြည်နယ် Merkezefendi ခရိုင်အနီးတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။

ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်ပြီး ၂၄ နာရီကျော်အကြာ၌ Aysin ပြည်နယ် Karacasu ခရိုင်ရှိ လေယာဉ် အပျက်အစီးများရှိသည့်နေရာသို့ အရေးပေါ်အဖွဲ့များ ရောက်ရှိခဲ့ကြောင်း NTV အသံလွှင့်ဌာနက ပြောကြားခဲ့ပြီး လေယာဉ်မှူးနှင့် ၎င်း၏ သင်တန်းသားတို့ ဖြစ်ဟန်တူသော ရုပ်အလောင်းများကို ရှာတွေ့ခဲ့ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။

လေယာဉ် ပျက်ကျရခြင်းအကြောင်းရင်းအား မဆုံးဖြတ်နိုင်သေးကြောင်း အသံလွှင့်ဌာန ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.