Connect with us

Africa & Middle East

ယီမင်နိုင်ငံ၌ မင်္ဂလာဆောင်တစ်ခု လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးဒဏ်ရာရသူ အနည်းဆုံး ၄၀ ရှိ

ယီမင်နိုင်ငံ Hajjah ပြည်နယ်ရှိ လေကြောင်းတိုက်ခိုက်ခံရသော နေရာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဆန်နာ ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

ယီမင် အနောက်မြောက်ပိုင်း Hajjah ပြည်နယ်၌ မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို ဆော်ဒီဦးဆောင်သော ညွှန်ပေါင်းတပ်ဖွဲ့က ဧပြီလ ၂၂ ရက်တွင် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အနည်းဆုံး သေဆုံးဒဏ်ရာ ရသူ ၄၀ ဦး ရှိကြောင်း ယီမင် လုံခြုံရေးဌာနက ပြောကြားခဲ့သည်။

Hajjah ပြည်နယ် Bani Kays ဒေသ ရှိ ကျေးရွာတစ်ရွာတွင် ကျင်းပသော မင်္ဂလာဆောင်ပွဲတစ်ခုကို ဆော်ဒီဦးဆောင်သော ညွှန်ပေါင်းတပ်ဖွဲ့က နှစ်ကြိမ်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ၊ လက်ရှိ ဆေးကုသရန်ပို့ဆောင်ထားသည့် ဆေးရုံများ၏စာရင်းအရ ယခုတစ်ကြိမ်လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးဒဏ်ရာရသူ အနည်းဆုံး အယောက် ၄၀ ရှိပြီဖြစ်ကြောင်းနှင့် ဒဏ်ရာရသူအချို့မှာ အခြေအနေ ဆိုးဝါးနေသောကြောင့် သေဆုံးသူဦးရေထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်း Hajjah ပြည်နယ် လုံခြုံရေးဌာန အရာရှိတစ်ဦးက ဆိုသည်။

ဆော်ဒီဦးဆောင်သည့် ညွှန်ပေါင်းတပ်ဖွဲ့သည် မကြာသေးမီကာလက ယီမင်အား ပစ်မှတ်ထားတိုက်ခိုက်မှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ရာ ဧပြီလ ၂၀ ရက်တွင် ယီမင် အနောက်တောင်ပိုင်း Taiz ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ကားတစ်စီး ဒုံးကျည်မှန်ပြီး အရပ်သား ၁၇ ဦး သေဆုံးခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင် ဟူသီ(Houthis) လက်နက်ကိုင်များက မြို့တော် ဆန်နာ(SANAA) ကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက် ယီမင်တောင်ပိုင်းဒေသများကို ဆက်လက်သိမ်းပိုက်ခဲ့ရာ သမ္မတ Hadi သည် ဆော်ဒီအာရေဗျနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် ဆော်ဒီအာရေဗျ နိုင်ငံများက ဟူသီ(Houthis) လက်နက်ကိုင်များကို “Operation Decisive Storm”စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117