Connect with us

Africa & Middle East

နိုင်ဂျီးရီးယား ဒုက္ခသည် စခန်း တိုက်ခိုက်ခံရမှုတွင် စစ်သား အနည်းဆုံး ၂၂ ဦး သေဆုံး

နိုင်ဂျီးရီးယား ဒုက္ခသည်စခန်း တိုက်ခိုက်မှုတွင် ဒဏ်ရာရသူများအား လူနာတင်ကားအတွင်း တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နီယာမေ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်ပိုင်း တက်စ်ဆာရာဒေသရှိ ဒုက္ခသည် စခန်း တစ်ခုတွင် အောက်တိုဘာလ ၆ ရက်က တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ စစ်သား အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မယ်လီယံ ဒုက္ခသည်စခန်းအား စောင့်ကြည့်ရသည့် နိုင်ဂျီးရီးယား စစ်သားများအား အမည်မသိ သေနတ်သမားများက တိုက်ခိုက်ခဲ့ကြောင်း၊ အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ဦးက ဆင်ဟွာသို့ ပြောသည်။

ယင်း တိုက်ခိုက်မှုနှင့် ပတ်သက်၍ တရားဝင် ပြောကြားချက် တစ်စုံတစ်ရာ မရှိသေးကြောင်းနှင့် တိုက်ခိုက်သူများအား ဖမ်းဆီးရန် စစ်ဆင်ရေး တစ်ရပ်အား နိုင်ဂျီးရီးယား စစ်တပ်က ကြေညာထားကြောင်း အဆိုပါ သတင်းရင်းမြစ်ထံမှ သိရသည်။

မာလီနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် နိုင်ဂျီးရီးယားနိုင်ငံ အနောက်ပိုင်း ဒေသရှိ ဒုက္ခသည်စခန်း တစ်ခုအား အောက်တိုဘာလ ၆ ရက် ညပိုင်းက လက်နက်ကိုင် သေနတ်သမားများက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ကြီးကြီးမားမား သေကြေထိခိုက်မှုများ ရှိသော်လည်း အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း နိုင်ဂျီးရီးယားနိုင်ငံ အမျိုးသား ရုပ်မြင်သံကြားက ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.