Connect with us

Africa & Middle East

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက လစ်ဗျားနိုင်ငံ၏တစ်ခုတည်းသောထွက်ပေါက်ဖြစ်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဆို 

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry တို့အား တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukryနှင့်အတူ ဇန်နဝါရီ ၈ ရက်က ကိုင်ရိုမြို့တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုက လစ်ဗျားနိုင်ငံ၏တစ်ခုတည်းသောထွက်ပေါက်ဖြစ်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုသည် လစ်ဗျားအရေးကို ဖြေရှင်းမည့် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သည်ဟု ယူဆကြောင်း ၊ ပြည်ပ စစ်ရေးကြားဝင်စွက်ဖက်မှုနှင့်ထစ်ခနဲ့ဆို လက်နက်အသုံးပြုနေခြင်းက ပဋိပက္ခ၊ ထိပ်တိုက်ရင်ဆိုင်မှုကို ပို၍ ပြင်းထန်စေကာ လစ်ဗျားအခြေအနေကို ပိုတင်းမာစေပြီး ပြဿနာများကို ရှင်းရပိုခက်စေကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

လက်ရှိ လစ်ဗျား လုံခြုံရေးအန္တရာယ်တိုးမြင့်လာခြင်း၊ IS စသည့် အကြမ်းဖက်အင်အားစုများ လစ်ဗျားတွင် စိမ့်ဝင်စုစည်းနေခြင်းများကို နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အထူးသတိပြုသင့်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ္ဂဦးဆောင်မှုတွင် အများအကျိုးကိုဆောင်သည့် လူအများအားလုံးအကျိုးဖြစ်ထွန်းစေမည့် နိုင်ငံရေးဖြစ်စဉ်ကို တွန်းအားပေးဆောင်ရွက်ခြင်းကို ထောက်ခံသွားမည်ဖြစ်ကြောင်း ၊ လက်ရှိအရေးကြီးသည်မှာ ပဋိပက္ခဘက်ပေါင်းစုံကို အပစ်အခတ် အမြန်ဆုံး ရပ်စဲကာ ဆွေးနွေးမှုလမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၊ ထိုသို့ဆောင်ရွက်ရာတွင် အိမ်နီးချင်းနိုင်ငံများ၏ အမြင်သဘောထားများကို အပြည့်အဝလေးစားနားထောင်၍ သက်ဆိုင်ရာဘက်အသီးသီးစိုးရိမ်မှုများကိုလည်း စဉ်းစားအဖြေရှာရမည်ဖြစ်သလို အစွန်းရောက် အကြမ်းဖက် အင်အားစုများ လစ်ဗျားတွင် မကြီးထွားလာစေရန် နိုင်ငံတကာအသိုက်အဝန်းက အကြမ်းဖက်တိုက်ဖျက်မှုကို အလျှာ့မပေးဘဲ ခိုင်မာစွာဆောင်ရွက်သွားသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)