Connect with us

Africa & Middle East

နျူကလီးယား ပညာရှင်အား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူအချို့အား အီရန် ဖမ်းဆီးထား

အီရန်နိုင်ငံ တီဟီရန်တွင် ကျင်းပသော အီရန် နျူကလီးယား ရူပဗေဒပညာရှင် Mohsen Fakhrizadeh၏ ဈာပနအခမ်းအနားအား နိုဝင်ဘာ ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် / မြတ်မြတ်ဦး
 
အီရန် နျူကလီးယား ရူပဗေဒ ပညာရှင် Mohsen Fakhrizadeh လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်နေသူ အချို့ကို အီရန် လုံခြုံရေးဌာနက ဖော်ထုတ်စစ်ဆေးပြီး ဖမ်းဆီးထိန်းသိမ်းထားကြောင်း အီရန် လွှတ်တော် ဥက္ကဋ္ဌ အကြံပေး Hossein Amir-Abdollahianက ဒီဇင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများသည် ဥပေဒ၏အပြစ်ဒဏ်မှ လွတ်ကင်းမည် မဟုတ်ကြောင်း ISNA သတင်းအေဂျင်စီက Amir-Abdollahian၏ ယင်းနေ့တွင် ပြောကြားချက်အား ကိုးကား ဖော်ပြထားသည်။
 
Mohsen Fakhrizadehသည် နိုဝင်ဘာ ၂၇ ရက်က အီရန် မြို့တော် တီဟီရန်အနီးတွင် တိုက်ခိုက်ခံရ၍သေဆုံးခဲ့ခြင်းဖြစ်သည်။

မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကမျှ ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အီရန်က ယင်းလုပ်ကြံသတ်ဖြတ်မှု၏ နောက်ကွယ်တွင် အစ္စရေး၏တာဝန် အရိပ်လက္ခဏာက ထင်ရှားသည်ဟု ယူဆထားပြီး ၎င်းအတွက် လက်စားချေသွားမည်ဟု တိုင်တည်ပြောဆိုထားကြောင်း သိရသည်။(Xinhua)

#Iran,#nuclear,#scientist, #Israel, #assassination, #Xinhua, #အီရန်, #အစ္စရေး, #နျူကလီးယားပညာရှင်, #လုပ်ကြံ, #ဆင်ဟွာ

…………………………………………

(Chinese Version)  

伊朗逮捕数名参与暗杀核物理学家的人员

新华社德黑兰12月8日电(记者夏晨)伊朗议长顾问侯赛因·阿米尔-阿卜杜拉希安8日说,伊朗安全部门已查明并逮捕数名参与暗杀该国核物理学家穆赫辛·法赫里扎德的人员。

伊朗学生通讯社当天援引阿米尔-阿卜杜拉希安的话说,实施暗杀行动的人将难逃法律制裁。

法赫里扎德11月27日在伊朗首都德黑兰附近遇袭身亡。尽管尚无任何组织或个人宣称制造此事,但伊朗认为此次暗杀行动背后有“明显的以色列责任迹象”,并誓言为他复仇。(完)

图说1: 11月30日,人们在伊朗德黑兰参加遇袭身亡的高级核物理学家穆赫辛·法克里扎德的葬礼。 新华社/法新

图说2:11月27日,在伊朗首都德黑兰附近拍摄的伊朗高级核物理学家穆赫辛·法克里扎德遭遇袭击的现场。新华社/路透