Connect with us

Africa & Middle East

အီရတ်နိုင်ငံ ကာ့ဒ်ဒေသသု့ိ သွားရောက်ခြင်းမပြုရန် တူရကီအစိုးရ သတိပေးချက် ထုတ်ပြန်

တူရကီနိုင်ငံဝန်ကြီးချုပ် အာဒိုဂန်အားတွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အီရတ်နိုင်ငံ ကာ့ဒ်ဒေသတွင်းအစိုးရ (KRG) ပြည်နယ်များဖြစ်သော Erbil၊ Dohuk နှင့် Sulaymaniyah ပြည်နယ်များသို့ ၎င်း၏ နိုင်ငံသားများ ခရီးသွားလာခြင်းမပြုရန် စက်တင်ဘာ ၂၇ရက်က သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပခဲ့သည့် လွတ်လပ်သည့်ခွဲထွက်ရေးဆန္ဒခံယူပွဲကြောင့် ဒေသတွင်း လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်လာပြီး တူရကီနိုင်ငံသားများအနေဖြင့် အရေးကြီးဆောင်ရွက်စရာ ကိစ္စရပ်များ မရှိပါက ယင်းဒေသများမှ အမြန်ဆုံးထွက်ခွာလာသင့်ကြောင်း ဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြခဲ့သည်။

တူရကီ နှင့် အီရတ်မြောက်ပိုင်းအကြား လေကြောင်းပျံသန်းမှုများကို စက်တင်ဘာ ၂၉ ရက်မှစ၍ ရပ်တန့်ထားမည်ဖြစ်ကြောင်း အီရတ်နိုင်ငံ Erbil ပြည်နယ် ရှိ တူရကီကောင်စစ်ဝန်ရုံးက စက်တင်ဘာ ၂၇ရက် အစောပိုင်းတွင် ကြေညာခဲ့သည်။

အီရတ်မြောက်ပိုင်း ကာ့ဒ်တို့၏ ထိန်းချုပ်ဧရိယာတွင် အငြင်းပွားဖွယ် လွတ်လပ်သည့်ခွဲထွက်ရေးဆန္ဒခံယူပွဲ ကြောင့် ဘဂ္ဂဒက်နှင့် ကာ့ဒ်ဒေသ အကြား တင်းမာမှုများ မြင့်တက်နေစဉ် အဆိုပါ ထုတ်ပြန်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

တူရကီအစိုးရ က ယင်းဆန္ဒခံယူပွဲကို ပြင်းထန်စွာ ဆန့်ကျင်ခဲ့ပြီး ကာ့ဒ် အနေဖြင့် ခွဲထွက်မှုပြုလုပ်ပါက ကြီးမားသည့် ပိတ်ဆို့တားဆီးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.