Connect with us

Africa & Middle East

ရှီက တရုတ်နိုင်ငံအနေဖြင့် စြင်္က ံသစ်များနှင့်အတူ လွတ်လပ်သောကုန်သွယ်ရေး ၊ တံခါးဖွင့်စီးပွားရေးကို ထောက်ခံအားပေးကြောင်း ပြောကြား


ဂျိုဟမ်နက်စ်ဘာ့ဂ် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဇူလိုင်၂၅ ရက်တွင်ပြုလုပ်သည့် BRICS စီးပွားရေးဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် ဈေးကွက်တံခါးဖွင့်ခြင်း နှင့် လွတ်လပ်သော ကုန်သွယ်မှုကို အပြည့်အဝထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် နိုဝင်ဘာလတွင် ပထမဆုံး တရုတ်နိုင်ငံတကာပို့ကုန်သွင်းကုန်ပြပွဲ ( China International Import Expo) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာကြီးအတွက် တရုတ်ဈေးကွက်ကို ဝင်ရောက်နိုင်ရန် စြင်္ကံသစ်တစ်ခုကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

အဆိုပါ ပြပွဲသို့ကမ္ဘာ့နိုင်ငံပေါင်း ၁၃ဝ နှင့် နယ်ပယ်ဒေသများ မှ ကုမ္ပဏီပေါင်း ၂၈ဝဝ ကျော် ပါဝင်ပြသသွားကြလိမ့်မည်ဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံအတွင်းအပြင်မှ ဝယ်လက်ပေါင်း ၁၅ဝဝဝဝ ကျော် လာရောက်လိမ့်မည်ဖြစ်ကြောင်း ရှီက ဖိုရမ်၌ ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ၌ ကျင်းပသည့် BRICS စီးပွားရေးဖိုရမ်တွင် မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် အားတွေ့ရစဉ်(ဆင်ဟွာ)

“ အဲဒီပြပွဲကို တက်ရောက်ကြဖို့အခြား BRICS အဖွဲ့ဝင်နိုင်ငံတွေနဲ့အာဖရိကနိုင်ငံတွေက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ချင်ပါတယ်” ဟု ရှီက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများ လူမှု စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေး အခွင့်အလမ်းသစ်များကို ဖန်တီးပေးရန် နှင့် ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ၂ဝ၃ဝ ပြည့်နှစ် ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုဖြင့် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတက ဆိုသည်။

ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုသည် ညှိနှိုင်းဆောင်ရွက်ခြင်း နှင့် ပူးတွဲ ပါဝင်ဆောင်ရွက်ခြင်းဖြင့် အကျိုးအမြတ်များကို မျှဝေခံစားနိုင်ရန် အခြေခံစည်းမျဉ်းစည်းကမ်းလမ်းညွန်ချက်များကို တရုတ်နိုင်ငံ၌ မူလဘူတအစပြုခဲ့သည်ဆိုသော်လည်း တစ်ကမ္ဘာလုံးပိုင်ဆိုင်သည့် အရာဖြစ်ကြောင်း ရှီ ကဆိုသည်။

BRICS အဖွဲ့ဝင်နိုင်ငံများ ၊ အာဖရိကနိုင်ငံများ နှင့် အခြား ဈေးကွက်ပေါ်ထွန်းဆဲ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် အဆိုပါ ခေတ်သစ်ပိုးလမ်းမကြီးအစပြုဖော်ဆောင်မှုတွင် ခိုင်မာသော မိတ်ဖက်များအဖြစ်ပါဝင်နိုင်လိမ့်မည်ဖြစ်ကာ အကျိုးအမြတ်များကို ၎င်းနိုင်ငံများနှင့် ပြည်သူပြည်သားများက ပိုမိုခံစားရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.