Connect with us

Africa & Middle East

အာဖရိကနိုင်ငံများမှ တရားမဝင်ရွှေ့ပြောင်းနေထိုင်လာသူ ၁၄၁ ဦးကို မော်ရိုကိုက ပြန်လည်ပို့ဆောင်မည်

နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်နေကြသည့် တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ရာဘတ် ၊ အောက်တိုဘာ ၂၃ ရက်(ဆင်ဟွာ)

နယ်စပ်ခြံစည်းရိုးကို ကျော်၍ အာဖရိကတိုက် မြောက်ဘက် ကမ်းရိုးတန်းရှိ စပိန်နိုင်ငံ ကိုယ်ပိုင် အုပ်ချုပ်ရေးမြို့ Melilla သို့ ဝင်ရောက်ရန် ကြိုးစားနေသည့် Sahara သဲကန္တာရ တောင်ပိုင်း အာဖရိကနိုင်ငံများမှတရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၄၁ ဦးအား သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်တော့မည်ဖြစ်ကြောင်း မော်ရိုကိုနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

Saharaတောင်ပိုင်း အာဖရိကနိုင်ငံများမှ တရားမဝင်ရွှေ့ပြောင်းလာသူ ၃၀၀ ကျော်သည် အောက်တိုဘာ ၂၁ ရက်က မော်ရိုကိုနှင့် Melillaနယ်စပ်ခြံစည်းရိုးကို ကျော်ဖြတ်ရန် ကြိုးစားခဲ့ရာ အချို့မှာ Melilla သို့ ဝင်ရောက်သွားကြောင်း ၊ မော်ရိုကိုအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များစေလွှတ်ပြီး တားဆီးမှုများ ပြုလုပ်ခဲ့ရာ ၁၄၁ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ ထိုဖမ်းဆီးရမိသူများအား သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းနေထိုင်သူများအနက် ၁ ဦးမှာ နယ်စပ်ခြံစည်းရိုး ဖြတ်ကျော်စဉ် ပြုတ်ကျသေဆုံးခဲ့ပြီး ၂၂ ဦးမှာ ခြံစည်းရိုးသံဇကာခြစ်မိဒဏ်ရာများ ရရှိခဲ့ရာ ဆေးရုံသို့ ပို့ဆောင်ကုသမှုများပြုလုပ်နေရကြောင်း၊ မော်ရိုကို တပ်ဖွဲ့ဝင် ၁၀ ဦး ကျော်မှာလည်း တားဆီးထိန်းသိမ်းမှုများပြုလုပ်နေစဉ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ယခုနှစ်ပိုင်းများတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူအမြောက်အမြားသည် မော်ရိုကိုနိုင်ငံမှတစ်ဆင့် ကုန်းလမ်း သို့မဟုတ် ရေလမ်းဖြင့် ဥရောပတိုက်ကို သွားရောက်နေကြကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117