Connect with us

Africa & Middle East

လေးနှစ်ကြာ လေယာဉ်ပျံသန်းမှု ပိတ်ဆို့ထားပြီးနောက် ဗြိတိန်လေကြောင်း တီဟီရန်သို့ပြန်လည်ပြေးဆွဲ

ဗြိတိန်လေကြောင်းလိုင်း (BA) ပိုင် ခရီးသည်တင်လေယာဉ် တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ)

ဗြိတိန်လေကြောင်းလိုင်း (BA) သည် ၂၀၁၂ခုနှစ် အောက်တိုဘာ မှ စ၍ အီရန်နိုင်ငံ သို့လေယာဉ်ပျံသန်းမှုများ လေးနှစ်ကြာ ရပ်ဆိုင်းထားရာမှ စက်တင်ဘာ ၂ရက် နံနက်ပိုင်းတွင် ၎င်း၏ ပထမဆုံး ခရီးသည်တင်လေယာဉ်က တီဟီရန်မြို့ရှိ Imam Khomeini လေဆိပ်သို့ ဆိုက်ရောက်လာခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။

ဘိုးရင်း ၇၇၇ သည် လန်ဒန်မြို့ Hearthrow လေဆိပ်မှ ဒေသစံတော်ချိန် ည ၉း၁၀နာရီတွင် ထွက်ခွာလာခဲ့ပြီး တီဟီရန်မြို့သို့ ဒေသစံတော်ချိန်နံနက် ၆း၁၅နာရီ တွင်ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။
ဗြိတိန်လေကြောင်းလိုင်း (BA) သည် တစ်ပတ်လျှင် လန်ဒန်မြို့နှင့် တီဟီရန်မြို့ကြား အသွားအပြန်ခရီးစဉ် ၆ကြောင်း ပျံသန်းသွားမည်ဖြစ်သည်။
ဗြိတိန်လေကြောင်းလိုင်း (BA) သည် တီဟီရန်မြို့သို့ တစ်ပတ်လျှင် သုံးကြိမ် ခရီးစဉ်ပျံသန်းမှုအား လွန်ခဲ့သော ၄နှစ်အထိ ပြုလုပ်ခဲ့ပြီး ပထမဆုံး ခရီးစဉ်ပျံသန်းမှုအား ၁၉၄၆ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ BA သည် ဧပြီလအကုန်တွင် တီဟီရန်မြို့သို့ ရှစ်နှစ်ကြာပြီးမှ လေယာဉ်ပြေးဆွဲမှုပြန်လည်လုပ်ဆောင်ခဲ့သည့် Air France ပြီးလျှင် အီရန်နိုင်ငံသို့ လေယာဉ်ပြန်လည်ပြေးဆွဲသည့် ဒုတိယမြောက် ဥရောပလေကြောင်းလိုင်းဖြစ်လာကြောင်း သိရသည်။
စက်တင်ဘာ ၁ရက်က ဗြိတိန်လေကြောင်းလိုင်း (BA) မှ လေယာဉ်ပြန်လည်ပျံသန်းမှုသည် ဇန်နဝါရီလ၌ အီရန်နိုင်ငံအပေါ်ပိတ်ဆို့မှုအချို့ကို ပယ်ဖျက်ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ နိုင်ငံတကာအနုမြူစွမ်းအင်ဆိုင်ရာအေဂျင်စီ က အီရန်အစိုးရသည် အင်အားကြီးနိုင်ငံခြောက်နိုင်ငံ ချုပ်ဆိုထားသော နျူကလီးယားသဘောတူညီချက် ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အေဂျင်စီ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း ပြောကြားပြီးနောက် ပိတ်ဆို့မှုအချို့ကို ပယ်ဖျက်ပေးခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.