Connect with us

Africa & Middle East

အာဖဂန် အရှေ့ပိုင်းရှိ ခရိုင်အစိုးရ အဆောက်အအုံများ ကားဗုံးပေါက်ကွဲမှုတွင် လူ ၂ ဦး သေဆုံး

ကားဗုံးဖောက်ခွဲထားသည့် ကားတစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပါလ်-အဲ-အလမ်၊ အာဖဂန် နစ္စတန်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ လိုဂါပြည်နယ် အရှေ့ပိုင်းရှိ ခရိုင် အစိုးရ ရုံးချုပ်များအား တာလီဘန် အသေခံ ကားဗုံး ဖောက်ခွဲသူများက စက်တင်ဘာလ ၁ ရက်က တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်း ရင်းမြစ်များက ပြောကြားလိုက်သည်။

ယင်း တိုက်ခိုက်မှုသည် Charkh ခရိုင် အလယ်ပိုင်းရှိ ခရိုင် အစိုးရရုံးနှင့် ရဲဋ္ဌာနတို့အား ဒေသစံတော်ချိန် နံနက် ၅း၀၀ နာရီအချိန်၌ တာလီဘန် ကားဗုံးဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်သွေးကြွ တစ်ဦးက ကားဗုံးဖောက်ခွဲခဲ့ပြီး လုံခြုံရေး နှစ်ဦး သေသွားခဲ့တယ်၊ ဒုတိယ သေနတ်သမား အုပ်စုက အဆောက်အအုံ တစ်ခုကို သိမ်းပိုက်ပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များနဲ့ တိုက်ခိုက်ခဲ့ကြတယ်” ဟု အမည် မဖော်လိုသူ ပြည်နယ်ဆိုင်ရာ လုံခြုံရေး သတင်းရင်းမြစ်က ဆင်ဟွာသို့ ပြောသည်။
အာဖဂန် မြို့တော် ကဘူးလ်နှင့် ကီလိုမီတာ ၆၀ အကွာရှိ ပါလ်-အဲ-အလမ်မြို့တွင် အဆိုပါ ပေါက်ကွဲမှုကြီး ကြောင့် အနီးဝန်းကျင်ရှိ အဆောက်အအုံများနှင့် နေအိမ်များစွာ ပျက်စီးခဲ့သည်။
ကြိုတင်ကာကွယ်သည့် အနေဖြင့် အခင်းဖြစ်ပွားသည့်နေရာတဝိုက် အဝင်အထွက် ပိတ်ထားကြောင်း သိရသည်။
ပျက်စီးမှု အရေအတွက်ကိုမူ အတိအကျ မသိရသေးကြောင်းနှင့် အထူး စစ်ဆင်ရေး အဖွဲ့ ရောက်ရှိလာခဲ့ပြီး အသေးစိတ် အချက်အလက်များအား ယနေ့နှောင်းပိုင်းတွင် ထုတ်ပြန်သွားရန် ရှိကြောင်း အဆိုပါ သတင်း ရင်းမြစ်က ပြောကြားခဲ့သည်။
ယင်း တိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း တာလီဘန်အဖွဲ့က ပြောကြားထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.