Connect with us

Africa & Middle East

အီရန် နိုင်ငံ ပြည်တွင်း မတည်ငြိမ်မှု ဖြစ်ပွားအောင် အမေရိကန် နှင့် အစ္စရေး တို့ဆောင်ရွက်နေကြောင်း အီရန် နိုင်ငံ ခေါင်းဆောင် ပြောကြား

အီရန် နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် Ali Khamenei အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

အီရန် နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် Ali Khamenei က ဇန်နဝါရီ ၉ ရက်နေ့၌ ဘာသာရေးအသင်းအဖွဲ့ များနှင့် တွေ့ဆုံခဲ့ရာတွင် လတ်တလော ကာလ အီရန် နိုင်ငံ အတွင်း ဖြစ်ပွားနေသော မတည်ငြိမ်မှုများ သည် အမေရိကန် နိုင်ငံ နှင့် အစ္စရေး နိုင်ငံ တို့က နောက်ကွယ်တွင် ကြိုးကိုင်ဆောင်ရွက်နေကြသူများ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီရန်နိုင်ငံ ရုပ်မြင်သံကြား က Ali Khamenei ၏ ပြောဆိုချက်ဖြင့် ထုတ်လွှင့်ခဲ့သည့် သတင်းတွင် ကြံစည်မှု သည် အမေရိကန် နိုင်ငံ နှင့် ဂျူးလူမျိုးတို့ က စီမံဆောင်ရွက်ခြင်းဖြစ်ကြောင်း ၊ ၎င်းတို့အနေဖြင့် လပေါင်းများစွာ ကြိုတင်ကြံစည် ခဲ့ပြီး အီရန် နိုင်ငံ ရှိ မြို့ငယ်လေးများ မှ စတင် အကောင်အထည် ဖော် ခဲ့ကြောင်း ၊ ထိုမှတစ်ဆင့် နိုင်ငံ အတွင်းပိုင်း သို့ တိုးချဲ့လာခဲ့ကာ ငွေကြေးအထောက်အပံ များက ပင်လယ်ကွေ့ ဒေသ အတွင်း ရှိ နိုင်ငံ တစ်နိုင်ငံ မှ ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် Ali Khamenei က အီရန် နိုင်ငံ ပြည်သူလူထု တို့၏ မတည်ငြိမ်မှုများ ကို ထိန်းချုပ်ဆောင်ရွက်မှု အား လွန်စွာ ချီးမွမ်းကြောင်း ၊ ရန်သူ ၏ ရည်ရွယ်ချက် ကို သိရှိခဲ့ကြကြောင်း ၊ ယခု ဖြစ်ပွားနေသည့် တိုက်ပွဲ သည် နိုင်ငံ တစ်နိုင်ငံ နှင့် ရန်သူအင်အားစု ၊ အီရန် နှင့် အီရန် ဆန့်ကျင်ရေး အင်အားစု နှင့် အစ္စလာမ် နှင့် အစ္စလာမ် ဆန့်ကျင်သူ များအကြား တိုက်ပွဲ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်း တွင် အီရန် နိုင်ငံ ရှိ မြို့များတွင် ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပွား လာခဲ့ပြီး ဆန္ဒပြသူ များက လူနေမှု အခြေအနေ ကို အကြောင်းပြ၍ ဆန္ဒပြ ခဲ့ကြသော်လည်း အီရန် နိုင်ငံ ဒေသ အများအပြား ရှိ ပြည်သူများ က အစိုးရ ကို ထောက်ခံကြောင်း နှင့် မတည်ငြိမ်မှု ကို ဆန့်ကျင်ကြောင်း တန်ပြန် ဆန္ဒပြမှု ပြုလုပ် ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.