Connect with us

Africa & Middle East

အာဖဂန် တွင် တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၈ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ရှိ တာလီဘန်စစ်သွေးကြွများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Ghazni ပြည်နယ်တွင် တာလီဘန်တို့၏ တိုက်ခိုက်မှုကြောင့် ဒေသခံရဲတပ်ဖွဲ့ဝင် ၈ဦးသေဆုံးပြီး အခြားလူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က ဖေဖော်ဝါရီ ၂၂ ရက်တွင်ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ Aref Noori က Deh Yak ခရိုင် Rubar ဧရိယာ ရှိ အာဖဂန်ဒေသခံရဲတပ်ဖွဲ့ (ALP) ၏ စစ်ဆေးဂိတ်တစ်ခုကို ဖေဖော်ဝါရီ ၂၁ ရက် ညပိုင်းတွင် တာလီဘန်စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ALP တပ်မှူးတစ်ဦးအပါအဝင် ALP ရဲတပ်ဖွဲ့ဝင် ၈ဦး သေဆုံးခဲ့ပြီး အခြားလူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

အစိုးရအဖွဲ့သည် စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင် အရေအတွက် အကန့်အသတ်ဖြင့်သာ ရှိနေသော နိုင်ငံတစ်ဝန်းရှိ ကျေးရွာများ နှင့် ခရိုင်များအား ကာကွယ်ရန် ALP တပ်ဖွဲ့အား ၂၀၁၀ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တာလီဘန်စစ်သွေးကြွအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က ယင်းတိုက်ခိုက်မှုအား အတည်ပြုခဲ့ပြီး ၎င်းတို့၏ စစ်သွေးကြွအဖွဲ့သည် Deh Yak ရှိ စစ်ဆေးရေးဂိတ်ကို ထိန်းချုပ်ခဲ့ပြီးနောက် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၉ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပြည်တွင်း မီဒီယာတစ်ခုကိုပြောကြားခဲ့သည်။

လွန်ခဲ့သော ၃နှစ်မှစ၍ နိုင်ငံရပ်ခြားမှ တပ်ဖွဲ့ဝင်များ လျော့နည်းသွားပြီးနောက် အစိုးရဆန့်ကျင်ရေး တိုက်ခိုက်ရေးသမားများ၏ တစ်ဟုန်ထိုးတိုက်ခိုက်လာမှုကို အာဖဂန်စစ်တပ် က ပြန်လည်ထိုးစစ်ဆင်မှုများကြောင့် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုမြင့်တက်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.