Connect with us

Africa & Middle East

OPEC အစည်းအဝေး၌ ဆော်ဒီ၏ ရေနံအလွန်အကျွံရောင်းချမှုအား ဆွေးနွေးသွားမည်ဟု အီရန်ပြောကြား

အီရန်နိုင်ငံ ရေနံဝန်ကြီးဌာန ဝန်ကြီး Bijan Namdar Zanganeh အားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ ရေနံဝန်ကြီးဌာန ဝန်ကြီး က လာမည့် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) အစည်းအဝေး တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံအလွန်အကျွံရောင်းချမှု နှင့် ပတ်သက်၍ ဆွေးနွေးကြလိမ့်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ရက်ကပြောကြားခဲ့သည်။

လာမည့် OPEC အစည်းအဝေးတွင် ဆွေးနွေးမည့် အကြောင်းအရာများအနက် ခေါင်းစဉ်တစ်ခုအဖြစ် ဆော်ဒီ၏ ရေနံအလွန်အကျွံရောင်းချမှု ကိစ္စသည်လည်း ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီး Bijan Namdar Zanganeh ၏ပြောကြားချက်ကိုကိုးကား၍ အီရန်နိုင်ငံ၏ ရေနံစွမ်းအင်သတင်းကွန်ရက်က ဖော်ပြခဲ့သည်။

အချို့သော ရေနံထုတ်လုပ်သူနိုင်ငံများက ကာတာနိုင်ငံအပေါ် ပြဿနာများဖန်တီးနေသည့်အတွက် အဖွဲ့မှ ကာတာနိုင်ငံထွက်ခွာသွားရသည့် နောက်ကွယ်မှအကြောင်းရင်းများကို OPEC အဖွဲ့ဝင်နိုင်ငံများက စုံစမ်းစစ်ဆေးသင့်ကြောင်း Zanganeh ကပြောကြားခဲ့သည်။

အီရန်ဝန်ကြီးက လာမည့် OPEC အစည်းအဝေးပွဲ၌ အီရန်၏ ရေနံထုတ်လုပ်မှု ပမာဏ နှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုနိုင်ခြေရှိမှုကို ကန့်ကွက်ပြောဆိုခဲ့သည်။

၎င်းက အီရန်နိုင်ငံသည် ရေနံရောင်းချမှုတွင် အမေရိကန်၏ ပိတ်ပင်တားမြစ်မှုများ နှင့် ကာလကြာရှည်စွာရင်ဆိုင်နေရသောကြောင့် အီရန်၏ ရေနံထုတ်လုပ်မှု ခွဲတမ်းပမာဏ အား ဆွေးနွေးခြင်းကို လက်ခံနိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံ၏ OPEC အုပ်ချုပ်ရေးမှူး Hossein Kazempour Ardebili က OPEC မှ နှုတ်ထွက်ရန် ကာတာနိုင်ငံ၏ ဆုံးဖြတ်ချက်က ရေနံလောက၌ ဆော်ဒီ၏ လွှမ်းမိုးချုပ်ကိုင်မှုကြောင့် အသေးစား ရေနံထုတ်လုပ်သူများ ပျက်စီးဆုံးရှုံးသွားခြင်းကို ပြသနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.