Connect with us

Africa & Middle East

အာဖဂန်စစ်ရဟတ်ယာဉ် ပျက်ကျရာ လူ ၅ဦး ဒဏ်ရာရရှိ

အာဖဂန်နစ္စတန်နိုင်ငံမှ စစ်ရဟတ်ယာဉ်တစ်စင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကန်ဒါဟာ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် တွင် သန်းခေါင်ယံအချိန်က စစ်တပ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး အာဖဂန်တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။

Damanခရိုင် ရှိ ကန်ဒါဟာလေဆိပ်မှ အာဖဂန်လေတပ်ရဟတ်ယာဉ်တစ်စီး ဒီဇင်ဘာ ၉ရက် ညပိုင်းတွင် ပျံတက်လာပြီး မကြာမီ လေဆိပ်အပြင်ဘက်တွင် ယင်းကဲ့သို့ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်ဆိုင်ရာအစိုးရပြောရေးဆိုခွင့်ရှိသူ Aziz Ahmad Azizi က ဆင်ဟွာသို့ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျမှုကြောင့် တစ်ဦးတစ်ယောက်မျှ ဒဏ်ရာအပြင်းအထန်မရရှိဘဲ ၎င်းတို့ကို စစ်စခန်းတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ၎င်းကပြောကြားခဲ့သည်။

တာဝန်ရှိသူက စစ်သွေးကြွးများ၏ လုပ်ဆောင်မှုကြောင့် မဟုတ်ဘဲ စက်ပိုင်းဆိုင်ရာချို့ယွင်းချက်ကြောင့် ရဟတ်ယာဉ်ပျက်ကျရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် လေးနှစ်မှ စ၍ နိုင်ငံခြားတပ်ဖွဲ့ဝင်များ အာဖဂန်နိုင်ငံအတွင်းမှ ဆုတ်ခွာသွားချိန်မှစ၍ အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို အာဖဂန်တပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်သဖြင့် အကြမ်းဖက်မှုများ မြင့်တက်လာချိန်တွင် ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၂၀၁၈ခုနှစ် ယခုအချိန်အထိ အနည်းဆုံး အာဖဂန်လေတပ်မှ စစ်ရဟတ်ယာဉ် ၈စီး ပျက်ကျခဲ့ပြီး နိုဝင်ဘာ ၂၄ရက်တွင် ကန်ဒါဟာပြည်နယ် marufခရိုင်တွင် ရဟတ်ယာဉ်တစ်စင်းပျက်ကျခဲ့ရာ အာဖဂန်လေတပ် တပ်ဖွဲ့ဝင် ၂ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.