Connect with us

Africa & Middle East

အယ်လ်ဂျီးရီးယား နိုင်ငံ တွင် အားလပ်ရက် ရာသီ အတွင်း လူပေါင်း ၁၇၀ ကျော် ရေနစ် သေဆုံး

အယ်လ်ဂျီးရီးယား နိုင်ငံ ရှိ ပင်လယ် ကမ်းခြေ တစ်ခု တွင် ရေကစားနေကြသူများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

အယ်လ်ဂျီးယားစ် ၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

အယ်လ်ဂျီးရီးယား နိုင်ငံ ပြည်သူ့ကာကွယ်ရေးဌာန က ဇူလိုင်လပိုင်း မှ သြဂုတ်လဆန်းပိုင်း အချိန်ထိ အယ်လ်ဂျီးရီးယား နိုင်ငံ အတွင်း လူပေါင်း ၁၇၀ ကျော် ရေနစ် သေဆုံး ခဲ့ပြီး လတ်တလော နှစ်ပိုင်းတွင် သေဆုံးမှု အများဆုံး ကာလ ဖြစ်ခဲ့ကြောင်း သြဂုတ်လ ၁၃ ရက်နေ့၌ ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက် တွင် သေဆုံးသူများအတွင်း လူပေါင်း ၁၀၂ ဦး သည် ကမ်းခြေတွင် ရေကစားရာမှ ရေနစ် သေဆုံးခဲ့ကြခြင်းဖြစ်ပြီး ၇၀ ဦးမှာ ရေကန်များအတွင် ရေနစ်သေဆုံးခဲ့ကြခြင်း ဖြစ်ကြောင်း ၊ ယင်းတစ်လတာ ကာလ အတွင်း အယ်လ်ဂျီးရီးယား နိုင်ငံ အစိုးရ မှ ပင်လယ်ကမ်းခြေများသို့ ကယ်ဆယ်ရေး အဖွဲ့ ကို အကြိမ်ပေါင်း ၆ သောင်းကျော် စေလွှတ်ပေးခဲ့ပြီး သေဆုံးသူ အများစု မှာ လူအစောင့်အရှောက်မရှိသော ပင်လယ်ကမ်းခြေတွင် သေဆုံးခဲ့ကြခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

အယ်လ်ဂျီးရီးယား နိုင်ငံ တွင် ဇူလိုင်လ နှင့် သြဂုတ်လ တို့သည် အားလပ်ရက် ရာသီ ဖြစ်ပြီး ပူလောင်သည့် ရာသီဥတု ကို သက်သာစေရန် အတွက် သန်းနှင့်ချီသော အယ်လ်ဂျီးရီးယား နိုင်ငံသား တို့သည် မြောက်ပိုင်းရှိ ပင်လယ်ကမ်းရိုးတန်းများသို့ အပန်းဖြေခရီးထွက်ကြသည်။ အယ်လ်ဂျီးရီးယား နိုင်ငံ အစိုးရ အနေဖြင့် အားလပ်ရက် ရာသီ တွင် မီဒီယာ များမှ တစ်ဆင့် သတိပေး ကြေညာမှုများ ဆောင်ရွက်ပြီး အန္တရာယ်ရှိသော ရေပြင်များတွင် ရေမကစားရန် တားမြစ်မှု များဆောင်ရွက်ပေးခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)