Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ မြို ့တော် ကဘူးလ်၌ ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားကာ ထိခိုက် သေဆုံးမှုများရှိ

အာဖဂန် နစ္စတန် နိုင်ငံ ကဘူးလ်မြို့၌ ၂၀၁၇ ခုနှစ် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့သော ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာတစ်ဝိုက်တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြို ့တော် ကဘူးလ်၏ အရှေ့ဘက် အခြမ်းရှိ နိုင်ငံခြားသားများ လာရောက်လေ့ရှိသော ခြံဝင်း တစ်ခု အနီးတွင် စက်တင်ဘာ ၂ ရက်က ပြင်းထန်သော ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း ပြည်ထဲရေး ဝန်ကြီး၏ ပြောရေးဆိုခွင့် ရှိသူက အတည်ပြု ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် အကြမ်းဖျင်းအားဖြင့် ညပိုင်း ၉ နာရီ ၄၅ မိနစ်တွင် ကဘူးလ်မြို့၏ ရဲတပ်ဖွဲ့ခရိုင် ၉ ရှိ Green Village အနီး ဖြစ်ပွားခဲ့ကြောင်း ပြောရေးဆိုခွင့် ရှိသူ Nasrat Rahimi က တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

ကဘူးလ် တစ်မြို့လုံးအနှံ့ပေါက်ကွဲမှု အသံအား ကြားခဲ့ရပြီး မြို့တစ်လျှောက်ရှိ ဒေသခံများ အကြား ယင်းပေါက်ကွဲမှုကြောင့် ထိတ်လန့်စေခဲ့ကြောင်း သိရသည်။

ပြည်ထဲရေး ဝန်ကြီး၏ ပြောရေးဆိုခွင့် ရှိသူ Rahimi က ထပ်မံ၍ အသေးစိတ် အချက်အလက်များကို သင့်လျှော် သလို မီဒီယာများသို့မျှဝေပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းပေါက်ကွဲမှု အတွက် မည်သည့် အုပ်စုကမှ တာဝန်ရှိကြောင်း ဝန်ခံထားခြင်း မရှိသေးပေ။

Green Village အဆောက်အအုံသည် တာလီဘန် သောင်းကျန်းသူများက ပြီးခဲ့သော နှစ်အနည်းငယ် အတွင်း အနည်းဆုံး သုံးကြိမ်ခန့်ပစ်မှတ်ထားခြင်း ခံခဲ့ရကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် မီးခိုးငွေ့များသည် အခင်းဖြစ်ပွားရာ အထက်တွင် မီးခိုးငွေ့များ မြင့်တက်လာခဲ့သည့် အတိုင်း ယင်းပေါက်ကွဲမှုသည် ထရပ်ကားဗုံး ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း ၊ ထိုပေါက်ကွဲမှု ဖြစ်ပွားရာ အနီးရှိ အထပ်မြင့် အဆောက်အဦမှ မြင်ရသည့် အတိုင်း ကြီးမားသည့် ပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ Wasim Ahmadi က ဆင်ဟွာသို့ပြောကြားခဲ့သည်။

လူဦးရေ ၅ သန်း နီးပါးခန့်ရှိသော ကဘူးလ်မြို့သည် ပြီးခဲ့သည့် နှစ်နှစ် အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်တိုက် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.