Connect with us

Africa & Middle East

အာဖဂန်နိုင်ငံ အရှေ့ပိုင်းတွင် ငြိမ်းချမ်းရေး-ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်တွင် တာလီဘန် စစ်သွေးကြွ အမြောက်အမြား ပါဝင်လာ


ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် ငြိမ်းချမ်းရေးနှင့် ပြန်လည် ပေါင်းစည်းရေးလုပ်ငန်းစဉ်တွင် စစ်သွေးကြွ တပ်မှူးအဆင့် လေးဦးအပါအဝင် လက်နက်ကိုင် တာလီဘန်စစ်သွေးကြွ ၅၄ ဦး ပူးပေါင်းပါဝင်လာခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

“နန်ဂါဟာပြည်နယ်ရဲ့ ခရိုင်အတော်များများက တာလီဘန်အဖွဲ့ဝင်တွေဖြစ်တဲ့ တပ်မှူးလေးဦး အပါအဝင် စစ်သွေးကြွ ၅၄ ယောက်ကျော်က ကြာသပတေးနေ့ (နိုဝင်ဘာလ ၂၂ ရက်) နံနက်ပိုင်းမှာ သူတို့ရဲ့ လက်နက်တွေကို လွှဲပြောင်းပေးခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ပူးပေါင်းခဲ့ပါတယ်” ဟု ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Atallullah Khogyani က ဆင်ဟွာသို့ ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်နက်များအပ်နှံကာ ပါဝင်လာသည့် တာလီဘန်စစ်သွေးကြွများအား တွေ့ရစဉ် (ဆင်ဟွာ)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် လက်နက်များအပ်နှံကာ ပါဝင်လာသည့် တာလီဘန်စစ်သွေးကြွများအား တွေ့ရစဉ် (ဆင်ဟွာ)

အစိုးရနှင့် ပြန်လည်ပူးပေါင်းခဲ့သည့် တာလီဘန်များသည် လက်နက်ငယ်နှင့် လက်နက်ကြီး ၅၄ လက်ကျော်ကို ကဘူးလ်မြို့မှ အရှေ့ဘက် ၁၂၀ ကီလိုမီတာအကွာရှိ ယင်းပြည်နယ်ရှိ လုံခြုံရေးအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း Khogyani က ဆိုသည်။

ခြောက်နှစ်ကြာ အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့် လက်နက်ကိုင် တာလီဘန်များသည် အာဖဂန်နိုင်ငံ အမျိုးသားစုံစမ်းစစ်ဆေးရေးအေဂျင်စီ ပြည်နယ်ဆိုင်ရာ အမျိုးသားလုံခြုံရေးဦးစီးဌာန၏ ကြိုးပမ်းမှုများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်လာခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ တာလီဘန်စစ်သွေးကြွအုပ်စုက တစ်စုံတစ်ရာ တုန့်ပြန်ထားခြင်း မရှိသေးပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.