Connect with us

Africa & Middle East

အာရပ်ကလေးငယ် ၁၃ သန်းကျော် ကျောင်းနေခွင့်မရ

ယီမင်နိုင်ငံရှိ စာသင်ကျောင်းတစ်ခုတွင် ကလေးငယ်များ စာသင်ကြားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

တူနစ် ၊ မတ် ၁ ရက်(ဆင်ဟွာ)

အာရပ်နိုင်ငံအချို ့တွင် တိုင်းပြည်၏ ဆိုးဝါးသောအခြေအနေများကြောင့် ကလေးငယ် ၁၃သန်းကျော်မှာ ကျောင်းမှထွက်ခဲ့ရကြောင်း (သို့မဟုတ်) ကျောင်းနေခွင့်မရရှိခဲ့ကြောင်း အာရပ်အဖွဲ့ချုပ် အကြီးအကဲက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

အာရပ်ပညာရေး ၊ ယဉ်ကျေးမှု နှင့် သိပ္ပံ အဖွဲ့ချုပ်( ALECSO) ညွှန်ကြားရေးမှူးချုပ် Abdullah Hamad Muhareb က တူနစ်မြို့၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ ဒါကြောင့် အဖွဲ့ချုပ်အနေနဲ့ အာရပ်ကမ္ဘာမှာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှ ကလေးငယ်တွေရဲ့ ပညာသင်ကြားခွင့်အတွက် အလေးထားဆောင်ရွက်နေပါတယ်” ဟု ALECSO အကြီးအကဲက ဆိုသည်။

“ ALECSO ရဲ့ လုပ်ဆောင်ချက်တွေဟာ အာရပ် ၊ ဒေသတွင်း နဲ့နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အကျိုးအမြတ်အတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ကျနော်တို့ဟာ မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးတည်ဆောက်ဖို့၊ အစီအစဉ်ရဲ့ ရည်မှန်းချက်ကို သဘောပေါက်သိမြင်ဖို့နဲ့ပညာရေး ၊ယဉ်ကျေးမှု ၊ သိပ္ပံ နဲ့သတင်းအချက်အလက်တွေအတွက် အားထုတ်မှုကို တိုးမြှင့် လုပ်ဆောင်သွားရမှာပါ” ဟု ဆိုသည်။

၂ဝ၁၇ – ၂ဝ၂၂ ခုနှစ် ALECSO မဟာဗျူဟာမြောက် အစီအစဉ် (သစ်) တွင် ဆင်းရဲမွဲတေမှုလျှော့ချရေး ၊ လူတိုင်းအတွက် စဉ်ဆက်မပြတ်ပညာသင်ကြားခွင့် အာမခံချက်ရရှိရေး နှင့် အမျိုးသမီးငယ် နှင့် အမျိုးသမီးကြီးများအတွက် ပညာသင်ကြားခွင့် ပိုမိုရရှိရေး ရည်မှန်းချက်များကို ချမှတ်ထားကြောင်း သိရသည်။

သို့သော် ၎င်း စီမံကိန်းများ နှင့် အဖွဲ့အစည်းများ လှုပ်ရှားသက်ဝင်မှုသည် နိုင်ငံများ၏ ပူးပေါင်းပါဝင်မှု နှင့် အဖွဲ့အစည်း၏ ဘက်ဂျက် ခွဲဝေမှုတွင် ၎င်းတို့ပေးဆောင်ရမည့် ငွေကြေးထည့်ဝင်မှု အနေအထားပေါ်၌ မူတည်လျက်ရှိကြောင်း Muhareb က ထောက်ပြပြောဆိုခဲ့သည်။

“ ကံမကောင်းစွာနဲ့ဘဲ အချို့အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးစားအားထုတ်မှု လျော့နည်းနေတဲ့ဒဏ်ကို အဖွဲ့ချုပ်က ခံစားနေရပါတယ်”။ “ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး န ဲ့ပညာရေးသင်ကြားခွင့်ဟာ ရှောင်လွှဲလို့မရတဲ့ စိန်ခေါ်မှု နှစ်ခုဖြစ်နေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.