Connect with us

Africa & Middle East

ယီမင်တွင် ၁၀ မိနစ်လျှင် အနည်းဆုံး ကလေး တစ်ဦးနှုန်း သေဆုံးနေ

ယီမင်နိုင်ငံတွင် အခမဲ့ ဆေးကုသမှု ခံယူရန် စောင့်ဆိုင်းနေသည့် ပြည်သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ယီမင်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

၂၀၁၅ ခုနှစ် မတ်လကတည်းက အရှိန်မြင့်လာသည့် ပဋိပက္ခများ မတိုင်မီကတည်းက ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ နည်းပါးမှုများ စသည့် စိန်ခေါ်မှုများနှင့် ယီမင်နိုင်ငံ ရင်ဆိုင်နေရကြောင်း သိရသည်။

လက်ရှိတွင် ယီမင်နိုင်ငံ၏ ကျန်းမာရေး စနစ်သည် ပြိုပျက်လုနီးပါး ဖြစ်နေသည်။ နိုင်ငံ့ လူဦးရေး၏ သုံးပုံတစ်ပုံသာ ကျန်းမာရေး စောင့်ရှောက်မှု ရရှိခဲ့သည်။ ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ ထက်ဝက်နီးပါးသည်လည်း အသုံးပြု၍ မရကြောင်း သိရသည်။

ယီမင်နိုင်ငံတွင် အခမဲ့ ဆေးကုသမှု ခံယူနေသည့် ကလေးငယ် တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ယီမင်နိုင်ငံတွင် အခမဲ့ ဆေးကုသမှု ခံယူနေသည့် ကလေးငယ် တစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

ပြိုင်ဘက် အုပ်စုများအကြား နိုင်ငံရေး ပိတ်ဆို့မှုများကြောင့် ကူညီပေးသည့် အဖွဲ့အစည်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ ပစ္စည်းများနှင့် အသက်ကယ် ပစ္စည်းများ တင်သွင်းရန် ခက်ခဲကြောင်း၊ ကျန်းမာရေး ဝန်ထမ်းများမှာလည်း လစာများ မရရှိသည်မှာ လချီနေပြီ ဖြစ်ကြောင်း သိရသည်။

ယီမင်နိုင်ငံ၌ ဝမ်းလျှောခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုး ဝင်ခြင်းတို့ကြောင့် ၁၀ မိနစ်လျှင် အနည်းဆုံး ကလေး တစ်ဦးနှုန်း သေဆုံးလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.