Connect with us

Africa & Middle East

အီကွေတာဂီနီနိုင်ငံ၌ ပြင်းထန်သောပေါက်ကွဲမှုများဖြစ်ပွား လူ ၂၀ ဦး သေဆုံး ၊ ၆၀၀ ကျော်ဒဏ်ရာရ

အီကွေတာဂီနီနိုင်ငံမြို့တော်ဘတ်တာတွင် မတ် ၇ ရက်က ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများ ပြေးလွှားနေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ယာအွန်ဒီ၊မတ် ၈ရက်(ဆင်ဟွာ)

အီကွေတာဂီနီနိုင်ငံမြို့တော် ဘတ်တာမြို့(Bata)၌ ပေါက်ကွဲမှုများဖြစ်ပွားရာ အနည်းဆုံး လူပေါင်း ၂၀ ဦး သေဆုံးပြီး အခြား ၆၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

မတ် ၇ ရက် မွန်းလွဲပိုင်းတွင် ဘတ်တာမြို့Nkoatama စစ်စခန်းအတွင်းရှိ ခဲယမ်းမီးကျောက်သိုလှောင်ရုံ မီးလောင်ကျွမ်းပြီး ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း အီကွေတာဂီနီနိုင်ငံသမ္မတရုံးမှ ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

အီကွေတာဂီနီနိုင်ငံမြို့တော်ဘတ်တာတွင် မတ် ၇ ရက်က ပြင်းထန်သော ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ပြည်သူများ ပြေးလွှားနေသည်ကိုတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်) 

အီကွေတာဂီနီနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ယင်းပေါက်ကွဲမှုကြောင့် လူ ၂၀ ဦးသေဆုံးပြီး အခြား လူပေါင်း ၆၀၀ ကျော်ထိခိုက်ဒဏ်ရာရသွားကြောင်း နှင့် အဆောက်အဦများစွာ ပျက်စီးသွားကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် သွေး လှူဒါန်းမှုပြုကြရန် နှင့် ကျန်းမာရေးဝန်ထမ်းများအား ဝိုင်းဝန်းကူညီပေးကြရန် ကျန်းမာရေးအာဏာပိုင်များက တိုက်တွန်းထားသည်။ပေါက်ကွဲမှုဖြစ်ပွားသည့် ဘတ်တာမြို့သည် အီကွေတာဂီနီနိုင်ငံတွင် လူဦးရေအထူထပ်ဆုံးမြို့ကြီးဖြစ်ကြောင်း သိရသည်။(Xinhua)

———————————————-
(English Version)

20 dead, 600 injured in explosions in Equatorial Guinea’s largest city

YAOUNDE, March 7 (Xinhua) — Explosions in the Equatorial Guinean city of Bata on Sunday were caused by accident, and the latest casualty count showed at least 20 people were killed and 600 others injured, according to the country’s authorities.

Sunday afternoon, at the Nkoatama military camp in Bata, explosives warehouses caught fire following the fire at nearby farms, causing successive explosions, according to a statement from the presidency of Equatorial Guinea.

According to the country’s defense ministry, the provisional toll included 20 deaths and 600 injuries, while many buildings were destroyed.
Search and rescue operations are going on. Health authorities have called on people to donate blood and encouraged volunteer health workers to help.
Located on the mainland part of Equatorial Guinea, Bata is the most populous city in the country. Enditem

Photo- Hundreds are injured and more than a dozen dead after a series of large explosions rocked the city of Bata in Equatorial Guinea on Sunday

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.