Connect with us

Africa & Middle East

အီရန်နှင့်တူရကီ နှစ်နိုင်ငံသမ္မတများက နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်မည် ဟု ပြောကြား

အီရန်သမ္မတရိုဟာနီနှင့်တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်တို့နှစ်ဦးအားတီဟီရန်မြို့ တွင် ပူးတွဲသတင်းစာရှင်းပွဲတစ်ခု၌ ၂၀၁၇ ခုနှစ် အောက်တိုဘာလကတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇွန် ၉ ရက်(ဆင်ဟွာ)

အီရန်သမ္မတရိုဟာနီ နှင့် တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် တို့နှစ်ဦးက ဇွန်လ ၈ ရက်နေ့တွင် နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ ကွဲပြားမှုဖြစ်နေသည့်နယ်မြေ များအတွင်း ချစ်ကြည်ရင်းနှီးသောဆက်ဆံရေးများကျယ်ပြန့်လာစေရေးဆောင်ရွက်ရန် သန္နိဌာန်ချခဲ့ ကြကြောင်းသိရသည်။

သမ္မတနှစ်ဦး ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာတွင် အီရန်သမ္မတရိုဟာနီ ကမွတ်ဆလင်ကမ္ဘာတွင် အီရန် နှင့် တူရကီနှစ်နိုင်ငံစလုံးက အင်အားကြီးမားကာ သြဇာလွှမ်းမိုးသောနိုင်ငံများဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟုလည်းသိရသည်။အနှစ်ချုပ်အားဖြင့်၎င်းကနှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးများကိုတိုးချဲ့သွား ခြင်းဖြင့် အရှေ့အလယ်ပိုင်းဒေသနှင့်မွတ်ဆလင်ကမ္ဘာတွင်တည်ငြိမ်အေးချမ်းမှုနှင့်လုံခြုံရေးကိုမြှင့်တင် ရာတွင် အဓိကကဏ္ဍမှပါဝင်နိုင်လိမ့်မည်ဖြစ်ကြောင်းလည်းပြောကြားသွားခဲ့သည်။

အီရန်အစိုးရက တူရကီအစိုးရနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရေးဆောင်ရွက်ရန်ဆုံးဖြတ် ထားပြီး နှစ်နိုင်ငံ အရောင်းအဝယ်ပြုရာ တွင် နှစ်ဖက်ငွေကြေးများက ိုအသုံးပြုသွားရန်လည်း လိုလား ကြောင်း အီရန်သမ္မတရိုဟာနီ ကပြောခဲ့သည်။ထို့ပြင် ၎င်းကအီရန်နှင့်တူရကီတို့ကအခြားမိတ်ဆွေနိုင် ငံများနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆူဒန်၊လစ်ဗျား၊ယီမင်နှင့်အာဖဂန်နစ္စတန်နိုင်ငံများတွင် လက်ရှိ ဖြစ်ပျက်နေသောအခြေအနေဆိုးများကို အဆုံးသတ်နိုင်စေလိမ့်မည်ဟုလည်းပြောကြားသွားခဲ့သည်။ ဆက်လက်၍်သမ္မတရိုဟာနီကအီရန်နှင့်တူရကီအကြား ဒေသအတွင်းအကြမ်းဖက်ဝါဒ ကိုတိုက်ဖျက် ရာတွင်ပူးပေါင်းဆောင်ရွက်မှုတိုးတက်ကောင်းမွန်စေရေး အရေးကြီးပုံနှင့်နှစ်နိုင်ငံနယ်စပ်တွင် လုံခြုံ ရေးမြှင့်တင်ရန်ကိုလည်းအလေးထားပြောခဲ့ကြောင်း သိရသည်။

တူရကီသမ္မတ ရီဆက်တေရစ် အာဒိုဂန် ကလည်း အီရန်နှင့်တူရကီ နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်ခြင်း က နှစ်နိုင်ငံအတွက်သာမကဒေသတစ်ခုလုံးအတွက်အကျိုးရှိစေမည် ဖြစ်ကြောင်းပြန်လည်ပြောကြား ခဲ့သည်။ထို့ပြင်၎င်းက ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုနှင့်လုံခြုံရေးကိုမြှင့်တင်ရန်နှင့်အကြမ်းဖက်ဝါဒ ကိုတိုက်ဖျက် ရာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်သွားမည်ဟုလည်း ထပ်ဆင့်ပြောကြား ခဲ့သည်။ တူရကီသမ္မတ အာဒိုဂန် က အမေရိကန်အစိုးရ၏အီရန်နိုင်ငံအပေါ် တစ်ဖက်သတ်နှင့်ရက်စက်ရာကျ သောပိတ်ဆို့မှုများအား ရှုတ်ချကြောင်းနှင့် တူရကီအနေဖြင့်လည်းအလားတူ တင်းကျပ်ပိတ်ဆို့မှုများ ကိုလက်ခံလိမ့်မည်မဟုတ်ကြောင်း ပြောကြားသွားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.