Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် ဘဏ်ဓါးပြများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၇ဦးသေဆုံး

နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာဂို့စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်း အွန်ဒိုပြည်နယ် ရှိ စီးပွားရေးဘဏ်တစ်ခုတွင် ဘဏ်ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၇ဦးသေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများ နှင့် ဒေသခံရဲတပ်ဖွဲ့များ က ဧပြီ ၈ ရက်တွင်ပြောကြားခဲ့သည်။

မျက်မြင်တွေ့ရှိခဲ့သူများက ဧပြီ ၈ရက် နေ့လည်ပိုင်းတွင် လက်နက်ကိုင်ဓါးပြများသည် ဘဏ်အား ဝင်စီးခဲ့ပြီး ပစ်ခတ်ခဲ့၍ ဘဏ်အရာရှိများ၊ ဘဏ်သို့လာရောက်သူများ နှင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအဝင် အနည်းဆုံးလူ ၇ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

ဘဏ်ဓါးပြများသည် လုံခြုံရေးတပ်ဖွဲ့များ မရောက်လာမီ အရေအတွက်မဖော်ပြနိုင်သော ငွေအမြောက်အမြားကို လုယူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Femi Joseph က ယင်းဖြစ်စဉ်အား ဆင်ဟွာသို့ အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

ဓါးပြများသည် SUV အမျိုးအစားကား ဖြင့် ဘဏ်သို့ မောင်းနှင်လာကာ ဘဏ်၏ လုံခြုံရေးတံခါးများကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီးနောက် ဘဏ်ခန်းမအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ပြည်တွင်းသတင်းရင်းမြစ်များ က အခင်းဖြစ်ပွားရာ နေရာအနီးအနားရှိ စစ်တပ်လုံခြုံရေးဂိတ်တစ်ခု မှ စစ်သားများ နှင့် နီးစပ်ရာ ပတ်ဝန်းကျင်မှ ရဲတပ်ဖွဲ့ဝင်များအား အကြောင်းကြားခဲ့သော်လည်း ၎င်းတို့ မရောက်ရှိလာမီ ဓါးပြများသည် ၎င်းတို့၏ လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်သွားနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.