Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ


ကိုင်ရို၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ မြို့တော်ကိုင်ရိုမြို့တွင် ဇန်နဝါရီ ၅ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး အခြား ၁ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ကိုင်ရိုမြို့ Coptic အောသိုဒေါ့ ခရစ်ယာန်ဘုရားကျောင်းအနီးတွင် သံသယဖြစ်ဖွယ် အထုပ်တစ်ထုပ်ကို တွေ့ရ ကြောင်း ၊ ၎င်း အထုပ်သည် ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး အခြား တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အီဂျစ်နိုင်ငံပိုင် သတင်းအေဂျင်စီ MENAက ယင်းနေ့တွင် သတင်းထုတ်ပြန် ခဲ့သည်။

လက်ရှိတွင် ပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ မည်သည့် အဖွဲ့အစည်းကမျှ ကြေညာချက်ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အချင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အချင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အချင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

အချင်းဖြစ်ပွားသည့်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဇန်နဝါရီလ ၇ ရက်တွင် အီဂျစ်နိုင်ငံ၌ ခရစ်ယာန်ဘာသာကိုးကွယ်သူ Coptsလူမျိုးက ခရစ္စမတ် ပျော်ရွှင်ပွဲ ကျင်းပမည် ဖြစ်ရာ စစ်တပ်က တစ်နိုင်ငံလုံး လုံခြုံရေးများကို တိုးမြှင့်ထားကြောင်း သိသည်။

ယခုနှစ်ပိုင်းများတွင် အီဂျစ်၌ Coptsလူမျိုးများကို ဦးတည်သည့် အကြမ်းဖက်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။ လွန်ခဲ့သောနှစ် နိုဝင်ဘာလက အီဂျစ်နိုင်ငံတောင်ပိုင်း Sohag ပြည်နယ်မှ Minya ပြည်နယ်ရှိ Coptic ခရစ်ယာန်ဘုရားကျောင်းသု့ိ မောင်းနှင်လာသည့် ဘတ်စ်ကား တစ်စီးကို လက်နက်ကိုင်များက တိုက်ခိုက်ခဲ့ရာ လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ IS အစွန်းရောက်များက ယင်းတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ ကြောင်း သိရသည်။ ၂၀၁၇ခုနှစ် မေလ တွင်လည်း ခရစ်ယာန်ဘာသာကိုးကွယ်သူ Coptsလူမျိုးများ လိုက်ပါ စီးနင်းလာသည့် ဘတ်စ်ကားတစ်စီးသည် Minyaပြည်နယ်တွင် လက်နက်ကိုင်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရာကာ လူ ၂၉ ဦး သေဆုံးပြီး လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.