Connect with us

Africa & Middle East

အီရန်နိုင်ငံ က ဒုံးကျည်စီမံကိန်း နှင့် ဒေသတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန်ငြင်းဆို

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ဇန်နဝါရီ ၂၀ ရက်၌ အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှ အတည်ပြုထားသော ခိုင်မြဲသည့် သဘောတူညီချက်တစ်ခုဖြစ်ပြီး အီရန်နိုင်ငံ ဒုံးကျည်စီမံကိန်း နှင့် ဒေသတွင်း ကိစ္စရပ်များ နှင့် သက်ဆိုင်မှု မရှိသောကြောင့် အီရန် နိုင်ငံ အနေဖြင့် ယင်းကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်ဆောင်ရွက်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

အီရန်နိုင်ငံအစိုးရအဖွဲ့ က ဇန်နဝါရီ ၂၀ ရက် ၌ အစည်းအဝေးကျင်းပပြုလုပ်ခဲ့နောက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် အမေရိကန်နိုင်ငံအစိုးရသစ် အနေဖြင့် အီရန်နိုင်ငံ ဒုံးကျည်စီမံကိန်းအပါအဝင် ဒေသတွင်း ကိစ္စရပ်များ အား အီရန်နျူကလီးယား သဘောတူညီချက် တွင် ထည့်သွင်းရန် နည်းလမ်းရှာနေသည် ဟူသော သတင်းထောက်တစ်ဦး၏ မေးမြန်းချက်အပေါ် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ယင်းကိစ္စနှစ်ခု မှာ အီရန်နျူကလီးယားသဘောတူညီချက်တွင် မပါဝင်ကြောင်း ၊ ထို့ကြောင့် ထိုအချိန်က အီရန် နိုင်ငံအနေဖြင့် စစ်လက်နက် ကုန်သွယ်မှုအား ၅ နှစ် ကန့်သတ်ခြင်း နှင့် ဒုံးကျည်နည်းပညာ လွှဲပြောင်းခြင်း အား ၈ နှစ် ကန့်သတ်ခြင်း ကို သဘောတူ လက်ခံခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က အမေရိကန်နိုင်ငံအနေဖြင့် စစ်လက်နက်တပ်ဆင်မှုပြဿနာ နှင့် ပတ်သက်၍ ဆွေးနွေးလိုပါက ဦးစွာ ဒေသတွင်း နိုင်ငံများ သို့ စစ်လက်နက်များ များပြားစွာရောင်းချခြင်းကို ရပ်တန့်သင့်ကြောင်း ပြောကြားခဲ့သည်။

သတင်းဖော်ပြချက်များအရ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အဖြစ်အမည်စာရင်းသွင်းခံထားရသူ Antony Blinken က ဇန်နဝါရီ ၁၉ ရက်၌ အီရန်နျူကလီးယားအရေး နှင့် ပတ်သက်၍ အမေရိကန်နိုင်ငံအစိုးရ ၏ နောက်ဆုံးရည်မှန်းချက် မှာ သဘောတူညီချက်တွင် အီရန် ဒုံးကျည်စီမံကိန်း နှင့် ဒေသတွင်း ကိစ္စရပ် ကို ကန့်သတ်သည့် အကြောင်းအရာများ ထည့်သွင်းသွားရန် ဖြစ်ကြောင်း ၊ ယင်းနှင့်ပတ်သက်၍ သဘောတူညီချက်တွင် ပါဝင်ခဲ့သည့် ဥရောပ နိုင်ငံများကလည်း သဘောတူညီခဲ့ကြကြောင်း ပြောကြား ခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ တွင် အီရန် နိုင်ငံ နှင့် အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ် ၊ ရုရှား ၊ တရုတ် နှင့် ဂျာမနီ နိုင်ငံတို့ က အီရန်နျူကလီးယားအရေး ဘက်စုံသဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပြီး သဘောတူညီချက်အရ အီရန် နိုင်ငံအနေဖြင့် ၎င်း၏ နျူကလီးယား စီမံကိန်း ကို ကန့်သတ်သွားရမည်ဖြစ်ကာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အီရန် နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ကို ပယ်ဖျက်ပေးရမည်ဖြစ်ကြောင်း ၊ သဘောတူညီချက်ရေးထိုးခဲ့ကြပြီးနောက်တွင် လက်ရှိ အီရန်နိုင်ငံအပေါ် လက်နက်ကုန်သွယ်ရေး ကန့်သတ်မှုကို အများဆုံး ၅ နှစ် ကန့်သတ်နိုင်ပြီး ဒုံးကျည်နည်းပညာလွှဲပြောင်းမှု ကန့်သတ်ချက် ကို အများဆုံး ၈ နှစ်ကြာ ကန့်သတ်နိုင်ကြောင်း ၊ သို့သော် အမေရိကန်နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် မေလ တွင် အီရန်နျူကလီးယား သဘောတူညီချက်မှ တစ်ဖက်သတ် နုတ်ထွက်ခဲ့ပြီး အီရန် နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ကို ဆက်တိုက်ဆောင်ရွက်ခဲ့ကြောင်း ၊ အီရန် နိုင်ငံအနေဖြင့်လည်း ၂၀၁၉ ခုနှစ် မေလ မှစတင်၍ အီရန်နျူကလီးယားသဘောတူညီချက် တွင် ပါဝင်သော အချို့အချက်များကို လိုက်နာခြင်း စတင်ရပ်တန့်ခဲ့ကြောင်း ၊ သို့သော် အီရန်နိုင်ငံ ၏ ဆောင်ရွက်မှုများသည် ပြန်လည်ပြင်ဆင်နိုင်သည့် ဆောင်ရွက်မှုဖြစ်သည်ဟု ကတိပြုခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————
(Chinese Version)

(国际)伊朗表示拒绝就导弹项目及其地区活动问题进行谈判

  新华社德黑兰1月20日电(记者夏晨)伊朗外交部长扎里夫20日说,伊朗核问题全面协议是一份经联合国安理会核可的“牢固”协议,不涉及伊朗导弹项目及其地区活动问题,伊朗不会就此重新谈判。

  据伊朗伊斯兰共和国通讯社报道,在当天举行的内阁会议后,有记者提问说,有消息称美国新政府寻求将限制伊朗导弹项目及其地区活动的内容加入伊核协议。扎里夫对此回应说,这两个问题当时并没有被纳入伊核协议,“这也就是为何伊朗(当时)接受将武器禁运维持5年、(弹道)导弹(技术转让)限制维持8年的原因”。

  扎里夫表示,美国如果想谈论武器装备问题,首先应该停止向地区国家出售大量武器。
  据报道,美国国务卿提名人选安东尼•布林肯19日曾表示,关于伊核协议,美国新政府的最终目标是在协议中加入限制伊朗导弹项目及其地区活动的内容。此前,伊核协议相关欧洲国家也表达过同样意愿。

  2015年7月,伊朗与美国、英国、法国、俄罗斯、中国和德国达成伊朗核问题全面协议。根据协议,伊朗承诺限制其核计划,国际社会解除对伊制裁。协议实施后,现行的对伊武器禁运最长将可维持5年,对伊弹道导弹技术转让禁令最迟在8年后取消。然而,美方2018年5月单方面退出伊核协议,随后重启并新增一系列对伊制裁措施。对此,伊朗2019年5月以来逐步中止履行协议部分条款,但承诺所采取措施“可逆”。(完)

Photo
伊朗外交部长穆罕默德•贾瓦德•扎里夫。 这是2月17日,扎里夫在德国慕尼黑安全会议上发言的资料照片。 新华社记者逯阳摄