Connect with us

Africa & Middle East

IS အဖွဲ့ဝင် ဆော်ဒီနိုင်ငံသား အမွှာညီအကို နှစ်ဦးက ၎င်းတို့၏ မိသားစု အား တိုက်ခိုက်

ကိုယ့်မိခင်ကို ပြန်သတ်သည့် IS အစွန်းရောက် အဖွဲ့ဝင် အမွှာ နှစ်ဦး အားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

IS အစွန်းရောက် အဖွဲ့ဝင် ဖြစ်သည့် ဆော်ဒီနိုင်ငံသား အမွှာညီအကို နှစ်ဦးသည် ၎င်းတို့၏ မိသားစုဝင် များအား တိုက်ခိုက်ခဲ့ပြီး မိခင်ကို ပြန်လည် သတ်ဖြတ်ခဲ့ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဇွန်လ ၂၄ ရက်တွင် ကြေညာခဲ့သည်ဟု နိုင်ငံပိုင် သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။

ကာလစ်ဒ် နှင့် ဆလတ်ဒ် အမည်ရှိ အမွှာညီအကို နှစ်ဦးသည် ရီယာ့ဒ်မြို့ရှိ ၎င်းတို့၏ နေအိမ်၌ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ ၎င်းတို့၏ ဖခင်နှင့် ညီအကို တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အမွှာညီအကို နှစ်ဦးသည် ၎င်းတို့၏ မိခင်အား စတိုခန်းထဲ၌ ပိတ်လှောင်ထားကာ သေဆုံးသည်အထိ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ လူသတ်သမား နှစ်ဦးအား အရုဏ်တက်ချိန်တွင် ဖမ်းမိခဲ့သော်လည်း ထိုသို့ တိုက်ခိုက်ရခြင်း၏ ရည်ရွယ်ချက်ကိုမူ မသိရှိသေးကြောင်း သိရသည်။

လွန်ခဲ့သည့် နှစ် အနည်းငယ်အတွင်း အဆိုပါ ဖြစ်ရပ်မျိုးကဲ့သို့ IS တပ်ဖွဲ့ဝင်များက ၎င်းတို့၏ မိသားစုဝင်များကို ပြန်လည် သတ်ဖြတ်ခဲ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)