Connect with us

Africa & Middle East

မက္ကာဗလီကြီး ပြင်ဆင်မှုအတွင်း ဆော်ဒီအာရေးဗျနိုင်ငံသည် ဘုရားဖူးဝင်ငွေ အမေရိကန်ဒေါ်လာ ၁ဝ.၆ ဘီလီယံ ဆုံးရှုံးခဲ့ရ

ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာမြို့ရှိ နာမည်ကျော် ဗလီကြီးအား တွေ့ရစဉ် (ဆင်ဟွာ)

ရီယဒ် ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေးဗျနိုင်ငံရှိ မက္ကာ ဗလီကြီးအား တိုးချဲ့ပြင်ဆင်ရေး စီမံကိန်းကာလ လေးနှစ်တာအတွင်း ဘုရားဖူးဝင်ငွေ ၁ဝ.၆ ဘီလီယံ ဆုံးရှုံးခဲ့ရကြောင့် ဆော်ဒီထိပ်တန်း စီးပွားရေးသမား တစ်ဦး၏ ပြောဆိုချက်ကို ကိုးကားပြီး Okaz ပြည်တွင်း သတင်းစာက ဇွန်လ ၂၄ ရက်တွင် သတင်းဖော်ပြသည်။

ပြီးခဲ့သော လေးနှစ်တာကာလတွင် မက္ကာဗလီကြီး ပြင်ဆင် တည်ဆောက်မှုကြောင့် ဘုရားဖူးများအတွက် နေရာအခက်အခဲ ဖြစ်ပေါ်ခဲ့သဖြင့် ဘုရားဖူး ဝင်ရောက်မှု ၃၈ ရာခိုင်နှုန်းအထိ လျော့ကျသွားရန် အတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းအပေါ် မက္ကာစီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင် အသင်းချုပ် ဥက္ကဋ္ဌ Maher Jamal က ပြစ်တင် ပြောဆိုလိုက်သည်။
အဆိုပါ ဗလီ တိုးချဲ့ပြင်ဆင်ရေး စီမံကိန်း ပြီးဆုံးချိန် ၂ဝ၂ဝ ပြည့်နှစ်တွင် အွမ်ရာ ဘုရားဖူး ၁၅ သန်း နှင့် ဟာ့ချ်ဘုရားဖူး ၂.၅ သန်းအထိ တိုးတက်လာဖွယ် ရှိကြောင်း နှင့် ၂ဝ၃ဝ ပြည့်နှစ်တွင် ၎င်းပမာဏထက် နှစ်ဆတိုးတက်ဖွယ် ရှိကြောင်း Jamal က ဟောကိန်း ထုတ်ခဲ့သည်။
ဆော်ဒီအာရေးဗျ အစိုးရ တာဝန်ရှိသူများက ၂ဝ၁၆ ခုနှစ် ဘုရားဖူးရာသီ စတင်သည့် အချိန်မှ စ၍ ယခု ရက်သတ္တပတ်အထိ အွမ်ရာ ဘုရားဖူး ၅.၈ သန်း ဝင်ရောက်ခဲ့ကြောင်း နှင့် ဘုရားဖူး ရာသီကုန်ချိန်တွင် စုစုပေါင်း ဘုရားဖူး ၆ သန်းအထိ တိုးမြင့်ရောက်ရှိရန် ရည်ရွယ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.