Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကာယဗလလေ့ကျင့်သူ Kholoud Essam

အီဂျစ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး ကာယဗလလေ့ကျင့်သူ Kholoud Essam အားတွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီလ ၇ ရက် (ဆင်ဟွာ)

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့တွင် အသက် ၂၇ နှစ် ရှိပြီဖြစ်သော Kholoud Essam သည် အီဂျစ်နိုင်ငံ ၏ ပထမဆုံး အမျိုးသမီး ကာယဗလလေ့ကျင့်သူ ဖြစ်လာကြောင်း သိရသည်။

Essam သည် ၎င်း၏ မိသားစု နှင့် သူငယ်ချင်း အပေါင်းအသင်းများကို ဆန့်ကျင်ပြီး ကာယဗလ လေ့ကျင့်ခန်း ပြုလုပ်ခြင်း ကို မိမိကိုယ်ကို ကာကွယ်ရန် နှင့် သဘာဝအတိုင်း ကျစ်ကျစ်လစ်လစ် ခန္ဓာကိုယ် ရရှိစေရန် အတွက် ရွေးချယ်ခဲ့ကြောင်း သိရသည်။

နှစ်နှစ်ကြာ လေ့ကျင့်ပြီးနောက် Essam သည် ကာယသင်တန်း၌ နည်းပြတစ်ယောက်ဖြစ်လာကာ ယင်းနယ်ပယ် ၌ အောင်မြင်မှု အတော်အသင့်ရရှိခဲ့ကြောင်း သိရသည်။ Essam အနေဖြင့် နောင်အနာဂါတ်တွင် နိုင်ငံတကာ မှ ကာယဗလ ချန်ပီယံ များ နှင့် ယှဉ်ပြိုင်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းကိုယ်ကို အီဂျစ်နိုင်ငံ ၏ သံမဏိအမျိုးသမီး အဖြစ်ကြွေးကြော်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.