Connect with us

Asia

ကမ္ဘောဒီးယားတွင် ရေကြီးမှုကြောင့် သေဆုံးသူ ၄၄ဦးအထိ မြင့်တက်လာ

ကမ္ဘောဒီးယားနိုင်ငံ၌ ရေကြီးမှုဖြစ်ပွားနေစဉ် (ဓါတ်ပုံ-အင်တာနက်)

ဖနွမ်းပင်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံတွင် ရေကြီးမှုများကြောင့် ကလေးငယ် ၂၆ဦး အပါအဝင် လူ ၄၄ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ အမျိုးသားကော်မတီ (NCDM) ပြောရေးဆိုခွင့်ရှိသူ Keo Vy က စက်တင်ဘာ ၁၁ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်နယ် ၂၅ ခု အနက် ၂၂ ခုတွင် ရေကြီးမှုများဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၎င်းက ရေကြီးမှုဒဏ်ကို မိသားစုပေါင်း ၁၂၀,၀၀၀ ခန့် ခံစားခဲ့ကြောင်း နှင့် မိသားစုပေါင်း ၁၀,၀၀၀ ကို အမြင့်ပိုင်းဒေသများသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ ယခုရက်ပိုင်းအတွင်း ရေကြီးမှုကျဆင်းလာပြီး မိုးသည်းထန်စွာရွာသွန်းမှု နှင့် မုန်တိုင်းတိုက်ခတ်မှု မရှိပါက လာမည့် ရက်သတ္တပတ်များအတွင်း အခြေအနေတိုးတက်လာနိုင်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ဇူလိုင်လ နှောင်းပိုင်း နှင့် အောက်တိုဘာလအတွင်း ရေကြီးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၁ခုနှစ်တွင် အဆိုးရွားဆုံးရေကြီးမှုကိုခံစားခဲ့ရကာ လူ ၂၅၀ဦးအထိ သေဆုံးခဲ့ကြောင်း NCDM ၏ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.