Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၏ ဆန်စားသုံးမှုသည် ၂၀၁၈ ခုနှစ်တွင် ဆက်လက်ကျဆင်းလျက်ရှိ

တောင်ကိုရီးယားနိုင်ငံ၏ စတိုးဆိုင်တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ဆိုးလ်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ၏ ဆန်စားသုံးမှုသည် ပြီးခဲ့သောနှစ်တွင် ဆက်လက်ကျဆင်းခဲ့သော်လည်း ဆန်ဖြင့်ပြုလုပ်ထားသည့် အသင့်အစားအစာများစားသုံးမှုမှာ မြင့်တက်လျက်ရှိကြောင်း ဇန်နဝါရီလ ၂၇ ရက်တွင်ထုတ်ပြန်ခဲ့သော အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရီးယားနိုင်ငံ၏ လူတစ်ဦးချင်းစီအလိုက်ဆန်စားသုံးမှုသည် ယခင်နှစ်က ၆၁ ကီလိုဂရမ် ရှိသော်လည်း ၂၀၁၇ ခုနှစ်အောက်တိုဘာလ မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ (စီးပွားရေးနှစ် ၂၀၁၈) တွင် လူတစ်ဦးချင်းစီအလိုက် ဆန်စားသုံးမှုမှာ ၁.၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ကိုရီးယားစာရင်းအင်းဌာနမှ သိရသည်။

၁၉၇၀ ခုနှစ်တွင် ဆန်စားသုံးမှုသည် ၁၃၆.၄ ကီလိုဂရမ်ရှိပြီး ထိုအချိန်မှ စ၍ နိုင်ငံ၏အဓိကအစားအစာများထဲမှ လူတစ်ဦးချင်းစီ၏ ဆန်စားသုံးမှုသည် ကျဆင်းလာခဲ့ရာ ယခုအချိန်အထိ ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရသည်။

ဆန်စားသုံးမှုကျဆင်းချိန်တွင် ဆန်အသုံးပြုထားသည့်ထုတ်ကုန်များ ၏ ဝယ်လိုအား မြင့်တက်လာခဲ့သည်။ ကုန်ထုတ်လုပ်သူများသည် ၂၀၁၈ ခုနှစ်တွင် ဆန်တန်ချိန် ၇၅၅,၆၆၄ ကိုအသုံးပြု၍ စားသောက်ကုန်များ ထုတ်လုပ်ခဲ့ကြရာယင်းနှစ်အစောပိုင်းတွင် ၆.၈ ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ကြောင်း သိရသည်။

ဆန်ကိုအသုံးပြု၍ထုတ်လုပ်သော စားသောက်ကုန်များသည် ၅နှစ်ဆက်တိုက်တိုးတက်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် ဆန်ဖြင့်ပြုလုပ်ထားသော အသင့်အစားအစာများ ၏ ဝယ်လိုအားသည် ၁၄၇,၄၇၄ တန် ရှိခဲ့ရာ ၂၉ ရာခိုင်နှုန်းအထိခုန်တက်ခဲ့ကြောင်း သိရသည်။

လူတစ်ယောက်တည်းနေထိုင်သောအိမ်ထောင်စုများတိုးပွားလာသည့်အတွက် စတိုးဆိုင်များတွင် အသင့်စားအစားဝယ်လိုအားမြင့်တက်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.