Asia
ထရမ့်က ကင် နှင့်အတူ စာချုပ်တစ်ခုအား လက်မှတ်ရေးထိုးမည်ဟုပြောကြား

စင်ကာပူ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် အတူ စာချုပ်တစ်ခုအား လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း နှစ်နိုင်ငံအကြား အလုပ်သဘောနေ့လည်စာ စားပွဲအပြီး ဇွန် ၁၂ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်က အမေရိကန်သမ္မတ တစ်ဦး နှင့် မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးတို့၏ ပထမဆုံး တွေ့ဆုံပွဲဖြစ်သည့် ၎င်းနှင့် ကင်ဂျုံအန်း တွေ့ဆုံမှုသည် အခြားသူများ ခန့်မှန်းထားသည်ထက် အခြေအနေ ပိုမို ကောင်းမွန်ကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။ (Xinhua)