Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်ကင်ဂျုံအန်က စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် စင်ကာပူထံမှ သင်ယူမည်ဟု ပြောကြား

ပြုံယမ်း ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်က ၎င်း၏ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် မည်သို့လုပ်ဆောင်ရမည်ကို စင်ကာပူနိုင်ငံထံမှ လေ့လာသင်ယူသွားလိုကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်(KCNA) သတင်းဌာနက ယနေ့ဇွန်လ ၁၂ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဇွန်လ ၁၁ ရက်တွင် စင်ကာပူနိုင်ငံ၌ ဆွဲဆောင်မှုရှိသော နေရာများစွာကို သွားရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်အတွင်း ကင်က “ စင်ကာပူက သန့်ရှင်းတယ်။ လှပတယ်။ အဆောက်အဦတိုင်းက စတိုင်ကျလွန်းပါတယ်” ဟု ယခင်က ၎င်းအနေဖြင့် ကြားဖူးခဲ့ကြောင်း KCNA က သတင်းဖော်ပြခဲ့သည်။

စင်ကာပူနိုင်ငံ၌ ဇွန်လ ၁၁ ရက် ညပိုင်းက လမ်းလျှောက်ထွက်နေသော မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်အားတွေ့ရစဉ်(ဆင်ဟွာ)

ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် အရေးပါပုံကို ကောင်းစွာ နားလည်ခဲ့ကြောင်း နှင့် စင်ကာပူနိုင်ငံကို ကောင်းစွာအားကျမိပါကြောင်း ပြောကြား ကင်၏ ပြောကြားချက်ကို ကိုးကား၍ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ကင်သည် မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးအစည်းအဝေးအတွက် စင်ကာပူနိုင်ငံသို့ရောက်ရှိနေပြီး ၎င်းသည် စင်ကာပူဆိပ်ကမ်း ၊ မာရီနာဘေရှိ Sky Park နှင့် ပန်းဥယျာဉ်(Great Flower Garden) တို့ကို သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.