Connect with us

Asia

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသော ယောကျ်ားလေးများအနက် ၈ ဦးမြောက်ထိ ကယ်ဆယ်နိုင်

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသော ဘောလုံးအသင်းမှ ယောက်ျားလေးများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ချင်းရိုင်၊ ထိုင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ဂူအတွင်း လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်ကျော်ကတည်းက ပိတ်မိနေခဲ့သော လူငယ်ဘောလုံးအသင်း ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြတစ်ဦးတို့အနက် ၈ ဦးမြောက်အထိ ကယ်ဆယ်နိုင်ပြီး ဂူပြင်သို့ရောက်လာကြပြီဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ဂူအနီးတွင် ရှိနေသည့် အဆိုပါမျက်မြင်တွေ့ရှိသူက ဆေးရုံကားနှစ်စီး ဂူနားမှ ထွက်ခွာသွားကြောင်း ပြောခဲ့သည်။

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေသော ဘောလုံးအသင်းမှ ယောကျ်ားလေးများအား ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရဟတ်ယာဉ်များလည်း ဂူအနီးရှိ မီဒီယာစင်တာအထက် ကောင်းကင်ယံမှ ချင်းရိုင်မြို့ဘက်သို့ပျံသန်းသွားကြကြောင်းဆိုသည်။။

ဇူလိုင်လ ၂၃ ရက်ကတည်းက ဂူအတွင်း ရေလွှမ်းမိုးမှုကြောင့် ပိတ်မိနေသူများကို ဇူလိုင်လ ၈ ရက်ကစတင်၍ ကယ်ထုတ်နိုင်ရေးလုပ်ဆောင်ခဲ့ရာ ယင်းနေ့ ညနေတွင် ပထမဆုံး ယောကျ်ားလေး ၄ ဦးအား အောင်မြင်စွာ ဂူအတွင်းမှ ကယ်ထုတ်နိုင်ခဲ့သည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာလည်း ဇူလိုင်လ ၉ ရက် နေ့လယ်ပိုင်းက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဂူနေရာသို့ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အများပြည်သူများအနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် အလွန်အကျွံတွန်းအားမပေးကြရန် ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။

ဖီဖာ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖာတီနို (Gianni Infantino) က အဆိုပါ ထိုင်းဘောလုံးအသင်းသားများအား ကမ္ဘာဖလား ဗိုလ်လုပွဲသို့ တက်ရောက်ရန် ဖိတ်ကြားသည့်စာအား ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.