Connect with us

Asia

ထိုင်းသက်သတ်လွတ်ပွဲတော်ကာလအတွင်း ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုမြင့်တက်

ထိုင်းနိုင်ငံ၌ ၂ဝ၁၆ ခုနှစ် သက်သတ်လွတ်ပွဲတော်တွင် ပါဝင်ဆင်နွှဲနေကြသူများအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဖူးခတ်ပြည်နယ်၌ သက်သတ်လွတ်ပွဲတော်ကာလအတွင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ထိုင်းဘတ် ၃.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ) ရရှိခဲ့ကြောင်း ထိုင်းခရီးသွားအာဏာပိုင်(TAT) ၏ စစ်တမ်းထုတ်ပြန်ချက်ကို ကိုးကား၍ ပြည်တွင်းသတင်းများက ဖော်ပြသည်။

အဆိုပါပွဲတော်သည် အောက်တိုဘာလ ၁ ရက်တွင် စတင်ပြီး ဖူးခတ်ကျွန်းကို ခရီးသည်အများအပြားလာရောက်ဆင်နွှဲသည့် ထိုင်းနိုင်ငံ၏ အထင်ကရပွဲတော်ကြီးဖြစ်သည်။ ပွဲတော်ကာလမှ ၉ ရက်တိတိဖြစ်ပြီး နတ်ဘုရားများအားပူဇော်ပသသည့် ပွဲတော်ဖြစ်ကြောင်း သိရသည်။

သက်သတ်လွတ်တော်ပွဲတော်တွင် ပါဝင်ဆင်နွှဲရန် တရုတ်နိုင်ငံသား အများစု အပါအဝင် မလေးရှား ၊ စင်ကာပူ နှင့် နိုင်ငံခြားသား အများအပြားလာရောက်ကြကြောင်း ၊ ထိုင်းလူမျိုး ထောင်ပေါင်းများစွာလည်း ပါဝင်ဆင်နွှဲကြကြောင်း TAT ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပွဲတော်ကာလတွင် ဖူးခတ်ကျွန်းရှိ ဟိုတယ်များတွင် ခရီးသည်ဝင်ရောက်မှု ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။

ပွဲတော်အတွင်း လူတစ်ဦးချင်းစီသည် မိမိတို့ယုံကြည်ကိုးကွယ်ရာအလိုက် ပုံစံအမျိုးမျိုးဖြင့် စီတန်းလှည့်လည်ကြသည်။ သက်ဝင်ယုံကြည်သူအများစုသည် မှော်အစွမ်းရှိသော လူငယ်များအဖြစ် ထင်ရှားပြီး မီးသွေးပူပေါ်ဖြတ်ကျော်ပြေးလွှားခြင်း ၊ ၎င်းတို့မျက်နှာအား ဓား၊လှံ၊သေနတ်၊စက်ဘီးကိုယ်ထည် စသည့် သတ္တုများဖြင့်ထိုးဖောက်၍ မြို့အတွင်းလှည့်လည်ကြကြောင်း သိရသည်။

ထိုသူများ၏ ခန္ဓာကိုယ်အတွင်း မှော်စွမ်းအင်များ ပူးကပ်သွားသည်ဟုယုံကြည်ထားကြသည်။ ထို့ပြင် ၎င်းတို့သည် နာကျင်မှုဝေဒနာပို၍ ခံစားရလေ ဘာသာတရားအရ ကုသိုလ်တရားပို၍ ရလေဟူ၍ ခံယူထားကြောင်း သိရသည်။ ၎င်းပွဲတော်သည် သန့်စင်မွန်မြတ်မှုကို အလေးအနက်ထားပြီး ပါဝင်ဆင်နွှဲသူများအနေဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်သန့်စင်ရန် နှင့် စိတ်ဝိညာဉ် ပျံ့လွင့်မှုမရှိဘဲအေးချမ်းစေရန်အတွက် ၉ ရက်တိတိ သက်သတ်လွတ်စားသုံးကာ အဝတ်ဖြူစင်ကြယ်များ ဝတ်ဆင်ထားရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.