Connect with us

Asia

ဘန်ကောက်တွင် သေနတ်ပစ်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည် ၁ ဦးသေဆုံး၊ ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိ

အခင်းဖြစ်ပွားရာနေရာအား လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် အောက်တိုဘာလ ၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည် ၁ ဦးသေဆုံးခဲ့ပြီး အခြားလူတစ်ဦးလည်း ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဆယ်ကျော်သက် လူငယ်အချို့က ပရက်တူနမ်ရှိ Centara Watergate Pavilion ဈေးဝယ်စင်တာ ကားပါကင်ဘေး လမ်းကြား၌ အခြား ဆယ်ကျော်သက်အရွယ်များပါဝင်သည့် လူဆိုးဂိုဏ်းတစ်ဖွဲ့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သော်လည်း အိန္ဒိယနိုင်ငံသား ခရီးသွားဧည့်သည် ၂ ဦးနှင့် အခြားသူ ၃ ဦးအားထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့မှ ရဲဗိုလ်ချုပ် Senit Samransamruatkhit က ပြောကြားခဲ့သည်။

အမည်မသိ လူငယ်သေနတ်သမားများသည် AK-47 သေနတ်များကိုင်ဆောင်ထားကြောင်း၊ ကားပါကင်အား အကာအကွယ်ယူထားသည့် တစ်ဖက်လူများအား ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ယူဆရသည်။

သေနတ်ထိမှန် သေဆုံးသွားသူမှာ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသူမှာ အသက် ၄၅ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ကြောင်း ရဲဗိုလ်ချုပ်အဆိုအရ သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံသား အမျိုးသား ၂ ဦးနှင့် လာအိုနိုင်ငံသား အမျိုးသား ၁ ဦးတို့လည်း သေနတ်ထိမှန်ခဲ့ပြီး ၎င်းတို့အား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့အတွင်း လက်နက်ကိုင်ဆောင်ကာ ပစ်ခတ်ခဲ့သည့်အမှုအား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.