Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံ၏ တပ်ဖြန့်ထားမှု အပေါ် တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ စောင့်ကြည့်မှှုတိုးမြှင့်

တောင်ကိုရီးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) နယ်ခြားဂိတ် (ဆင်ဟွာ)

ဆိုးလ်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

တောင်ကိုရီးယား (ROK) နှင့် မြောက်ကိုရီးယား (DPRK) နှစ်နိုင်ငံ နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တောင်ကိုရီးယား (ROK)နှင့် အမေရိကန်နိုင်ငံ တို့၏ ပူးတွဲ စောင့်ကြည့်မှု မြှင့်တင် လိုက်ကြောင်း တောင်ကိုရီးယား ပြည်တွင်း မီဒီယာက သတင်း ထုတ်ပြန်ထားသည်။

သတိပေးမှု အဆင့်အား ပုံမှန် အားဖြင့် အဆင့် လေး ဟု သတ်မှတ်ထားရာမှ ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှု မြင့်တက်လာခြင်းကြောင့် အဆင့် ငါး သို့တိုးမြှင့်လိုက်သည်။ ထိုသို့ သတိပေး မှုအဆင့် တိုးမြှင့်လိုက် ခြင်းကြောင့် မြောက်ကိုရီးယား၏ စစ်ရေး လှုပ်ရှားမှုများအား အနီး ကပ်စောင့်ကြည့် ထောက်လှမ်း သွားနိုင်မည် ဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နိုင်ငံ၏ ရှေ့တန်း၌ စစ်အင်အား ထပ်ဖြည့်တင်းရန် သောကြာနေ့ အစောပိုင်း တွင် ပြုလုပ်သော အရေးပေါ် အစည်းအဝေးတွင် မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ညွှန်ကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းအေ ဂျင်စီ KCNA က ပြောသည်။
ဒါ့အပြင် လက်နက်ကိုင် တပ်ဖွဲ့များအား မည်သည့် စစ်ဆင်ရေး တွင်မဆို ကောင်းမွန်စွာဖြင့် ကိုင်တွယ် ဖြေရှင်းကြရန် ကင်မ် က ညွှန်ကြားခဲ့သည်။

အဆိုပါ အရေးပေါ် အစည်းအဝေး၌ နိုင်ငံရေးနှင့် တန်ပြန် စစ်ဆင်ရေးများတွင် ရန်သူ၏ ရန်စခြင်းများအား ချေမှုန်းပစ်ရန် အဓိကထား ဆွေးနွေးခဲ့ကြပြီး ရှေ့တန်း ထိုးစစ်ဆင်ရန်အတွက်လည်း ခွင့်ပြုမိန့် ချထားပြီး ဖြစ်ကြောင်း KCNA သတင်းအရ သိရသည်။

တောင်ကိုရီးယားနိုင်ငံက သြဂုတ်လ ၁၀ ရက်နေ့တွင် နှစ်နိုင်ငံ နယ်စပ်၌ လော်စပီကာဖြင့် ဝါဒဖြန့် ထုတ်လွှင့်ခြင်း အပေါ် မြောက်ကိုရီးယားဘက် မှ စစ်ကြေညာခြင်းဟု အမည်တပ်ခဲ့သည်။

တောင်ကိုရီးယား ဘက်မှလည်း သြဂုတ်လ (၄) ရက်နေ့တွင် မိမိတို့ စစ်သားများအား ထိခိုက်ဒါဏ်ရာ ရစေသော မြေမြှုပ် မိုင်းများအား မြောက်ကိုရီးယားမှ ပြုလုပ်ကြောင်း စွပ်စွဲထားသည်။ သို့ရာတွင် ပြုံယမ်းဘက်မှ အဆိုပါကိစ္စအား ငြင်းချက် ထုတ်ထားပြီး ဝါဒဖြန့်မှုအား ကြာသပတေးနေ့ ညနေ ၅ နာရီမှစပြီး နောက် ၄၈ နာရီအတွင်း ဖျက်သိမ်းပေးရန် တောင်ကိုရီးယား အား တောင်းဆိုထားပါသည်။ (Xinhua)