Connect with us

Asia

မြောက်ကိုရီးယား-အမေရိကန်-တောင်ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲသည် မြောက်ကိုရီးယား-အမေရိကန် အစည်းအဝေးပွဲရလဒ်ပေါ်မူတည်ကြောင်း အိမ်ပြာတော်ထုတ်ပြန်

တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်၊ အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း (ဝဲမှယာ) အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆိုးလ်၊ မေ ၃၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် တောင်ကိုရီးယားနိုင်ငံ အကြား သုံးနိုင်ငံထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ခြေသည် မြောက်ကိုရီးယား-အမေရိကန် အစည်းအဝေးပွဲရလဒ်ပေါ်မူတည်ကြောင်း တောင်ကိုရီးယား သမ္မတ အိမ်ပြာတော် က မေ ၃၁ရက်တွင်ထုတ်ပြန်ခဲ့သည်။

အမည်မဖော်လိုသူ အိမ်ပြာတော်တာဝန်ရှိသူတစ်ဦး က သုံးနိုင်ငံ ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ခြေ ရှိ၊မရှိသည် ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပရန် စီစဉ်ထားသော မြောက်ကိုရီးယား-အမေရိကန် အစည်းအဝေးပွဲ မှ ရလဒ် နှင့် ဆက်စပ်နေကြောင်း ပြည်တွင်းသတင်းတစ်ခုသို့ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်း နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အကြား ပထမဆုံးတွေ့ဆုံမည့် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးပွဲ ကျင်းပနိုင်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံ အကြား ညှိနှိုင်းဆောင်ရွက်မှုများကို ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

အိမ်ပြာတော်က တောင်ကိုရီးယားနိုင်ငံသည် သုံးနိုင်ငံ တွေ့ဆုံပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.