Connect with us

Asia

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသတွင် ၄.၆ ပမာဏရှိသော ငလျင်လှုပ်

ငလျင်ကြိမ်နှုန်းတိုင်းတာမှုပြပုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံချုပ်ထားသော ကက်ရှ်မီးယားဒေသနှင့် အနီးဝန်းကျင်ဒေသများတွင် အင်အားနည်း ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း တာဝန်ရှိသူများက စက်တင်ဘာလ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ငလျင်သည် ပြင်းအား ၄.၆ ရှိပြီး စက်တင်ဘာလ ၁၁ ရက် ညပိုင်းက လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင် အိန္ဒိယနိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။

“ငလျင်ဗဟိုချက်မှာ ဂျန်မူးနှင့် ကက်ရှ်မီးယားဒေသအကြား မြောက်လတ္တီကျု ၃၅.၆ ဒီဂရီနဲ့ အရှေ့လောင်ဂျီကျု ၇၆.၃ ဒီဂရီဖြစ်ပါတယ်။ ဒေသစံတော်ချိန် ည ၁၁း၄၅ နာရီက မြေအောက်အနက် ၁၇၄ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ” ဟု အိန္ဒိယနိုင်ငံ မိုးလေဝသဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

တာဝန်ရှိသူများ၏ အဆိုအရ ငလျင်ကြောင့် အိန္ဒိယနိုင်ငံချုပ်ထားသော ကက်ရှ်မီးယားဒေသအတွင်း ပျက်စီးမှုသတင်းများ မရှိကြောင်း သိရသည်။

အိန္ဒိယထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသသည် ငလျင်ဒဏ်ဖြစ်ပွားမှုမြင့်မားသည့်ဇုန်အတွင်းရှိနေကြောင်း ဘူမိဗေဒပညာရှင်များက ပြောကြားခဲ့သည်။

အိန္ဒိယမှ ထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၌ မြို့တော် ဆရီနာဂါသည် ငလျင်ဇုန် ၅ တွင် ကျရောက်နေပြီး အခြားအပိုင်းများသည် ငလျင်ဇုန် ၄ ၌ တည်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.