Connect with us

Asia

အိန္ဒိယနိုင်ငံတွင် အဆောက်အအုံပြိုကျမှုကြောင့် လူ ၂ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံ ဘီဝန်ဒီမြို့ရှိ လေးထပ်အဆောက်အအုံ ပြိုကျမှုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မွမ်ဘိုင်း၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှ ၃၄ ကီလိုမီတာအကွာ၊ ဘီဝန်ဒီမြို့ရှိ လေးထပ်ရှိသော တရားမဝင် လေးထပ် အဆောက်အအုံတစ်လုံး သြဂုတ်လ ၂၃ ရက်ညက ပြိုကျခဲ့ရာ လူ ၂ ဦးသေဆုံးပြီး အခြားလူ ၂ ဦးမှ ၃ ဦးအထိ အတွင်း၌ ပိတ်မိနေကြောင်း သိရသည်။

ယင်းဖြစ်ရပ်တွင် ဒဏ်ရာရသူ ၅ ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒေသခံ ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

၁၀ နှစ်သက်တမ်းရှိပြီဖြစ်သော ထိုအဆောက်အအုံတွင် အက်ကြောင်းများ တွေ့ရှိခဲ့ပြီး အိမ်ထောင်စု ၂၁ စု ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံ မြို့ပြဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

သို့သော် လူအနည်းငယ်က ၎င်းတို့၏ ပစ္စည်းဥစ္စာများ ပြန်ယူရန်နှင့် ယင်းအဆောက်အအုံသို့ ပြန်သွားခဲ့ကြရာ ပိတ်မိနေကြကြာင်း သိရသည်။

ကယ်ဆယ်ရေးလုပ်ငန်းများအား အမျိုးသား သဘာဝဘေးတုန့်ပြန်ရေးအဖွဲ့က လုပ်ဆောင်နေကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများ မကြာမီ စတင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117